1. Home
  2. Special or Others

အမွှေးပွခွေးရုပ်နဲ့ ဘရာစီယာအသုံးပြုပြီး ကလေးအတုလုပ်ကာ အလစ်သုတ်သူ

Special or Others ก.พ. 07, 2560 view 1,709
အသက် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ယောက်က အမွှေးပွခွေးအရုပ်လေးနဲ့ ဘရာစီယာတို့ကို သုံးပြီး ကလေးလေး လက်တွန်းလှည်းထဲထည့်ထားတဲ့ ပုံစံဖမ်းကာ ဈေးဆိုင်က ပစ္စည်းတွေ အလစ်သုတ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။
 
 
သူမရဲ့ တီထွင်လှည့်စားမှုက တော်ရုံတန်ရုံ အမှုအမှတ်မဲ့ ဆိုရင် သတိထားမိမှာ မဟုတ်ပါဘူး၊ အမွှေးပွခွေးရုပ်လေးကို ကလေးအဝတ်အစား ဝတ်ပေးထားပြီး ခွေးရုပ်မျက်နှာကိုတော့ အသားရောင် ဘရာစီယာ တစ်ဖက်ပေါ်မှ ကလေးမျက်နှာ ပုံစံလေး ပန်းချီဆွဲထားခဲ့တာဖြစ်ပါတယ်။ အဲဒီကလေး အတုကို ကလေးလက်တွန်းလှည်းထဲထည့်ပြီး ကလေးနဲ့ ဈေးဝယ်ထွက်လာချင်ယောင်ဆောင်ပါတယ်။ ပြီးတော့မှ အရုပ်ရဲ့အောက်ကို အလစ်သုတ်ထားတဲ့ ပစ္စည်းတွေ ဖွက်ယူသွားတဲ့နည်း ဖြစ်ပါတယ်။
 
 
မျက်စိလျှင်တဲ့ လုံခြုံရေးနဲ့တွေ့လို့ အစစ်ဆေးခံရတဲ့အခါ အရုပ်ရဲ့အောက်မှာ သကြားလုံးတွေ၊ ချောကလက်တွေ၊ လျှပ်စစ်သွားတိုက်တံတွေ ထွက်လာပါတော့တယ်။ သူမဟာ အလစ်သုတ်မှုအပြင် သူ့အကြံကို ရိပ်မသွားလို့ ဒေါသဖြစ်ပြီး စတိုးဆိုင် မန်နေဂျာကို ပါးရိုက်မှုနဲ့ပါ အရေးယူခံထားရပါတယ်။
ရဲတွေက စစ်ဆေးပြီးတဲ့အခါမှာတော့ ဖမ်းခံရတဲ့နေ့ မတိုင်မီကလည်း အဲဒီစတိုးဆိုင်က ပစ္စည်းတွေ ခိုးခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အကြံဘယ်လောက်ပဲ ပိုင်ပိုင် မကောင်းမှုဆိုတာ စိတ်ကွယ်ရာမရှိပါဘူး။ 
 


Follow us on