
အမွှာ မော်ဒယ် ညီအမ အဖြစ်နာမည်ကြီးတဲ့ ခိုင်သဇင်ငုဝါကတော့ ချစ်သူများနေ့အမီ အွန်လိုင်းမှာ သီချင်းဖြန့်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုသင်တန်းတက်နေပြီး အချစ်သီချင်း တစ်ပုဒ်ဖြန့်ပေးသွားမယ်လို့ သိရပါတယ် ။ မော်ဒယ်အောင်ရဲထိုက်နဲ့အတူသီဆိုမှာဖြစ်ပြီး သီချင်းမြူးမြူးလေး ဖြစ်တယ်လို့ လည်း သိရပါတယ်။

မော်ဒယ်လောကမှာ ကြိုးစားနေသလို အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဝါသနာပါတဲ့ အဆိုဘက်ကိုလည်း အကောင်းဆုံးဖြစ်အောင် သင်ယူနေတယ်လို့ သိရပါတယ်။
မကြာခင်ရိုက်ကူးတော့မယ့် "ကိုယ်စောင့်နတ်" ရုပ်ရှင်ဇာတ်ကားလည်း သူမအနေနဲ့ ပါဝင်ရိုက်ကူးဖို့ လဲရှိပါတယ်။ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက ရင်ခုန်နေပေမယ့် ဝါရင့်သရုပ်ဆောင်တွေဆီကလည်း အစစအရာရာသင်ယူသွားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပ့ါမယ်လို့ပြော ထားပါတယ်။
ကိုယ်စောင့်နတ်ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးနေပြီး လွှမ်းပိုင်၊ ထွန်းထွန်း၊ ရဲထွေးအောင်၊ ခင်ဝင့်ဝါနဲ့ ခိုင်သဇင်ယုဝါတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Credit:popular
comment