1. Home
  2. Special or Others

မီတောက်မီးလျှံနှင့် ဆံပင်သပေးတဲ့ ပါကစ္စတန်က ဟဲဒီဇိုင်နာ

Special or Others ก.พ. 07, 2560 view 1,650
ပါကစ္စတန်နိုင်ငံက ဟဲဒီဇိုင်နာ လူငယ်တစ်ဦးဖြစ်သူ ရှဖ်ကွတ် ရက်ဂ်ျပွတ်က ဆံပင်လာညှပ်သူရဲ့ ခေါင်းပေါ်မှာ မီးရှို့ပြီး လောင်ကျွမ်းစေပြီး ဆံပင်ဒီဇိုင်း အမျိုးမျိုးပုံဖော်ပေးတာကြောင့်  ပါကစ္စတန်မှာ အလွန် နာမည်ကျော်ကြားတဲ့ ဆံသဆရာ ဖြစ်နေပါတယ်။
 
သူဆီမှာ ဆံပင်လာညှပ်ကြသူများကလည်း ယုံယုံကြည်ကြည်နဲ့ ခေါင်းပေါ်မှာ မီးတောက်လောင်နေတာတောင် အပြုံးမပျက် ဆွပင်ညှပ်ခံနေတာကို တွေ့မြင်ရပါတယ်။ 
ဆံပင်လာညှပ်သူတွေကို မယုံရင်မေးကြည့်ပါ ဦးရေဖျား လုံဝမထိသလို အပူလောင်တာလည်း မခံစားရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အတိုင်းအတာကို သိလို့ပါ”လို့ သူက ဆိုပါတယ်။
 
ဆံပင်ပါးတဲ့လူတွေဆိရင်တော့ ဒီလို ညှပ်လို့မရပါဘူး၊ အကယ်၍ ဆံပင်ပါးတဲ့သူကို ဒီလိုသွားညှပ်ရင် အပူလောင်မှာ သေချာတယ်ဟု ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ လျှို့ဝှက်ဆံပင်ညှပ်နည်းပညာကိုတော့ ပြောမပြခဲ့ပါဘူး။
အထူးသတိပေးချင်တာက ဗီဒီယိုကိုကည့်ပြီးရင်တော့ လက်တည့်မဏမ်းကြဖို့ပဲဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း မီးတောက်နဲ့ ဆံသတာကို အားပေးကြပါဦး။
 


Follow us on