1. Home
  2. Myanmar News

လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ရေးကွန်ယက်များ တိုးချဲ့တည်ဆောက်မည်

Myanmar News ก.พ. 08, 2560 view 1,654
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များတွင် မြန်မာနိုင်ငံရှိ ဝေးလံသီခေါင်သော ဒေသများအထိ ဆက်သွယ်ရေးကွန်ယက်များ တိုးချဲ့တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးကျော်မျိုးထံမှ သိရှိခဲ့ရသည်။
 
ဆက်သွယ်ရေးသွန်ယက်များ တိုးချဲ့တည်ဆောက်ရန် ဆက်သွယ်ရေး အော်ပရေတာများ ထည့်ဝင်သည့် Universal Service Fund ၏ အခြေအနေပေါ်မူတည်၍ လာမည့် ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ (၇)ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
 


Follow us on