1. Home
  2. Myanmar News

အခွန်ဆောင်ရန်ပျက်ကွက်ကားကုမ္ပဏီစာရင်း ထုတ်ပြန်ထားသော်လည်း အများစုက မဆက်သွယ်

Myanmar News ก.พ. 08, 2560 view 1,406

ဘဏ္ဍာနှစ်သုံးနှစ်အ တွင်း အခွန်ဆောင်ရန် ပျက်ကွက် ခဲ့သော ကားကုမ္ပဏီ ၇၀ကျော်ကို နာမည်နှင့်အတူ ကြေညာထားသော်လည်း အခွန်ဆောင်ရန် လာ ရောက်ဆက်သွယ်သည့်ကုမ္ပဏီ အနည်းငယ်သာရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ အဆိုပါကုမ္ပဏီများကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းအ ခွန်လာရောက်ပေးဆောင်ခြင်းမရှိ ပါက တည်ဆဲဥပဒေများဖြင့် အ ရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

‘‘ လာရောက်ဆက်သွယ်တဲ့ အရေအတွက်က အရမ်းနည်း သေးတယ်။ ကုမ္ပဏီတွေအများ ကြီး အခွန်ဆောင်ဖို့ကျန်သေး တယ်’’ဟု ပြည်တွင်းအခွန်များဦး စီးဌာနညွှန်ကြားရေးမှူးက ပြော ကြားသည်။

အခွန်မဆောင်ဟု ကြေညာ ခြင်းခံရသည့်ကားကုမ္ပဏီအချို့ သည် ပိတ်သိမ်းသွားသည်များပင်ရှိကြောင်း ၎င်းကပြောသည်။ ကားကုမ္ပဏီ ၇၀ကျော်သည် ၂၀၁၃-၁၄၊ ၂၀၁၄-၁၅၊ ၂၀၁၅- ၁၆စည်းကြပ်နှစ်များအတွက် အ ခွန်ပေးဆောင်ရန် ပျက်ကွက်မှုကို စစ်ဆေးတွေ့ရှိကြောင်း ဇန်န၀ါရီ ၁၅ရက်က နိုင်ငံပိုင်သတင်းစာ တွင် ကြေညာခဲ့သည်။ ကားအရောင်စင်တာများ အခွန်ဆောင်ရန် ပျက်ကွက်မှုအ နေဖြင့် Consignment(အပ်ကုန်) စနစ်ဖြင့် တင်သွင်းလာသည့်ကား များက အခွန်ဆောင်ရန်ပျက် ကွက်မှုအများဆုံးဖြစ်ပြီး အဆိုပါ စနစ်သည် တစ်စီးလျှင် ကျပ်လေး သိန်းမှ ငါးသိန်းခန့်အခွန်ဆောင်ရ သဖြင့် တစ်နှစ်စာဆိုပါက ကျပ် သိန်းထောင်နှင့်ချီ အခွန်ဆောင်နေရသည့် စနစ်ဖြစ်ကြောင်း MMM ကားအရောင်းစင်တာပိုင်ရှင် ကိုမင်းမင်းမောင်က ပြောသည်။

အပ်ကုန်စနစ်ဖြင့် (Con-signment)ဖြင့် တင်သွင်းလာသည့်ကားများသည် ဆိပ်ကမ်းသို့ရောက်ပါက အခွန်ဆောင်စရာမလိုဘဲ အဆိုပါကားရောင်းထွက်မှသာ အခွန်ဆောင်ရသည့်စနစ်ဖြင့် ကားအရောင်း စင်တာအများစုက ကျင့်သုံးနေခြင်းဖြစ်သည်။ စနစ်သည် ပြည်တွင်း၌ ရောင်းချခြင်းမရှိပါက မူလနိုင်ငံ သို့ ပြန်လည်တင်ပို့ရသည်။

Credit : 7daydaily



Follow us on