1. Home
  2. Myanmar News

ရန်ကုန် ဘတ်စ်ကားစနစ်မှာ ဂျပန်ကအကြံပေးသည့် စီမံကိန်းမဟုတ်ကြောင်း

Myanmar News ก.พ. 08, 2560 view 1,514

ရန်ကုန်မြို့ပြသယ်ယူပို့ ဆောင်ရေးအတွက် ဂျပန်နိုင်ငံက အကြံဉာဏ်များတင်ပြထားသော် လည်း YBSသည် ဂျပန်အစိုးရက တင်ပြထားသည့် စီမံကိန်းမဟုတ် ကြောင်း ဂျပန်သံရုံးတာဝန်ရှိသူ များကပြောကြားသည်။ ရန်ကုန်မြို့ပြ မဟာစီမံကိန်း နှင့် ရန်ကုန်မြို့တော်သယ်ယူပို့ ဆောင်ရေး မဟာစီမံကိန်းဟူ၍ ဂျပန်အစိုးရအကူအညီဖြင့် ၂၀၁၃ တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က စီမံကိန်းနှစ်ခုရေးဆွဲခဲ့ သည်။ ၂၀၁၆တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက အဆိုပါစီမံကိန်းနှစ်ခုကို ပြန်လည် အဆင့်မြှင့်တင်ရေးဆွဲ ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်း က ဆက်လက်ပြောသည်။

‘‘ရန်ကုန်ဘတ်စ်ကားကိစ္စ မှာ JICAက အကြံပေးတယ်လို့ ပြောနေကြပါတယ်။ တကယ်ဝင် ပါတာမရှိပါဘူး။ ရန်ကုန်တိုင်းအ စိုးရက ကိုယ့်ဘာသာလုပ်သွားတဲ့ ကိစ္စပါ’’ဟု ဂျပန်သံရုံးမှ စီးပွားရေး နှင့် ချေးငွေဆိုင်ရာအကြံပေး Mr.Hideaki Mastsuoက ပြောသည်။

ထို့ကြောင့်JICAအနေဖြင့် ၂၀၁၆ တစ်နှစ်လုံးတွင် စီမံကိန်းနှစ်ခုလုံးကို အဆင့်မြှင့်တင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်၍ ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်ဟု ဆိုသည်။ လာမည့် ၂၀၁၇ မတ်လတွင် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ရန်ကုန်မြို့ပြစီမံကိန်းနှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းနှစ်ခုစလုံးကို ဆွေးနွေးရန်ရှိကြောင်း ၎င်းကပြောသည်။ JICAသည် လက်ရှိတွင် ရန် ကုန်မြို့အတွက် အရေးပေါ် ရေဖြန့်ဝေရေးစီမံကိန်းနှင့် ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းတို့ကို ချေးငွေထုတ်ချေးပြီးဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်မြို့၏ သယ်ယူပို့ ဆောင်ရေး ဘတ်စ်ကားလိုင်းများ အား မထသ၏ စီမံခန့်ခွဲနေမှုကို ဖျက်သိမ်းပြီး ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်တွင် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု(YBS)စနစ် စတင်ခဲ့ သည်။ အဆိုပါ YBS စနစ်ကို ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့က ကြီးကြပ်နေခြင်းဖြစ်သည်။ စနစ်သစ်စတင်သည့် ဇန်န ၀ါရီ ၁၆ရက်က ဘတ်စ်ကားအစီးရေ ၂,၄၀၀ ခန့်သာရှိခဲ့ပြီး ဇန်န၀ါရီလကုန်တွင် ၀င်ရောက်ပြေးဆွဲသည့် ဘတ်စ်ကား အစီးရေ ၄,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။ ပြောင်းလဲပြေးဆွဲမည့်ဘတ်စ်ကားစနစ်သည် စင်ကာပူ နိုင်ငံတွင် ကျင့်သုံးနေသော ဘတ်စ်ကားပို့ဆောင်မှုစနစ်ကို အခြေခံထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)အပါအ၀င် နိုင်ငံတကာ ပညာရှင် အဖွဲ့များ၏ အ ချက်အလက်စုစည်းမှု၊နည်းပညာ ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

Credit : 7daydaily



Follow us on