
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်ပေါ်မှ ပြုတ်ကျပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းအတိုင်း ဇ၀နကားမှတ်တိုင်မှ အသင်းတိုက် ကားမှတ်တိုင်ဘက်သို့ ယာဉ်မောင်း စောသန့်ဇင် မောင်းနှင်လာသော YBS (၁၀) ယာဉ်လိုင်းခရီးသည်တင်ယာဉ်သည် အသင်းတိုက်မှတ်တိုင် အရောက်တွင် ခရီးသည် အတင်အချ ပြုလုပ်ပြီး တာမွေမြို့နယ်ဘက်သို့ မောင်းနှင်စဉ် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်တစ်ဦးဖြစ်သည် ဒေါ်ဝင်းကြည် (၅၂ နှစ်) သည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ယာဘက်ပေါင်၊ တင်ပါးဆုံနှင့် တံတောင်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ရန်ကုန်အရှေ့ပိုင်းခရိုင် ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။ ခရီးသည်တစ်ဦး သေဆုံးခဲ့သည့်အတွက် YBS (၁၀) ယာဉ်လိုင်းခရီးသည်တင်ယာဉ်အား မောင်းနှင်သည့် ယာဉ်မောင်း စောသန့်ဇင်နှင့် ယာဉ်နောက်လိုက် မျိုးသူအောင်တို့အား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ယာဉ်(ပ) ၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။
Credit : news-eleven
ဓာတ်ပုံး ပုံဖော်မှုမျှသာ
comment