1. Home
  2. Myanmar News

ကျိုက်ထီးရိုးရှိ ရိုရိုးလေးဟိုတယ်အခန်းများ ဖျက်သိမ်းမှုကြောင့် ဝန်ထမ်းများ ဝမ်းနည်ကြေကွဲ ရုပ်/သံ

Myanmar News ก.พ. 08, 2560 view 1,675
မွန်ပြည်နယ် ကျိုက်ထီးရီုးစေတီတော်ရှိ ရိုးရိုးလေး ကုမ္ပဏီမှ ခွင့်ပြုချက်မရပဲ တည်ဆောက်ထားခဲ့သည့် ဟိုတယ်အခန်းပေါင်း (၁၀၆)ခန်းကို စတင်ဖျက်သိမ်းလျှက်ရှိရာ ယင်းဟိုတယ်ဝန်ထမ်းများနှင့် ကျိုက်ထီးရိုး ကုန်တင်ကုန်ချ ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများက များစွာစိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုခဲ့ကြပါတယ်။
 
 
 
 
 
ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိပဲ မူလအဆောင်ကို ပြင်ဆင်ခြင်း၊ အဆောင်နှစ်ဆောင် ထပ်မံတိုးချဲ့ ဆောက်လုပ်ပြီး အခန်း ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်အတွင်းက လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပြီး အခန်းများကို တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြားခံခဲ့ရာမှ အသနားခံစာ တင်ခဲ့သဖြင့် နောက်ထပ် ၆ လ ဆက်လက်လုပ်ကိုင်ခွင့် ပြုခဲ့ရာ ယခုလ ဖေဖော်ဝါရီတွင် ကုန်ဆုံးပြီဖြစ်သည့်အတွက် ဖျက်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
 
 
Video&Photo Credit:ဦးရဲရဲဝင်း


Follow us on