1. Home
  2. Special or Others

“ကွီးတို့သင်္ကြန်” အသစ်စက်စက် သင်္ကြန်သီချင်းခွေထွက်ရှိ

Special or Others ก.พ. 09, 2560 view 1,914
သင်္ကြန်သီချင်း အသစ်စက်စက်မျာ နားမထောင်ရတာ ကြာပြီဖြစ်တဲ့ ပရိသတ်များအတွက် ၂၀၁၇ ခုနှစ် သင်္ကြန်မှာတော့ “ကွီးတို့သင်္ကြန်” အခွေလေးက ကျေနပ်မှုတစ်ခုခုပေးနိုင်ပါလိမ့်မယ်။ 
 
 
ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ အောင်ထက်၊ ဆူးနစ်၊ မေစပယ်ညို၊ အိုင်းရင်းဇင်မာမြင့်၊ အိမ့်ချစ်၊ ဆိုင်စံ နဲ့ ဇင်ဝါမိုးတို့ ပါဝင်သီဆိုထား ဒီသင်္ကြန်အခွေထဲမှာ တေးသီချင်း (၁၀)ပုဒ်ပါဝင်ပြီး သီချင်းအားလုံးကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး ရေးစပ်ပေးထားပါတယ်။
 
 
ဖေဖော်ဝါရီလ (၇)ရက်နေ့က CD နှင့် DVD ကာရာအိုကေအခွေ နှစ်ချပ်ကို မာစတာတေးသံသွင်းမှ တန်ဖိုး ၃၀၀၀ ကျပ်နှင့် တစ်ပြိုင်နက် ဖြန့်ချိခဲ့ပါတယ်။ “ကွီးတို့သင်္ကြန်” အခွေနဲ့ သင်္ကြန်မှာ လန်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
 
 
VideoCredit: ကွီးတို့သင်္ကြန်
 


Follow us on