1. Home
  2. Special or Others

ဈေးဝယ်စင်တာတစ်ခုမှ စက်လှေကား ပေါက်ကွဲပြီး လှေကားထစ်များ ပြုတ်ကျ

Special or Others ก.พ. 09, 2560 view 2,211
ဖေဖော်ဝါရီလ (၈)ရက်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂေါ်ပြည်နယ် ပန်ဒန်အင်ဒါးအနီးရှိ ဈေးဝယ်စင်တာတစ်ခုတွင် စက်လှေကားတစ်ခု အလိုလိုပေါက်ကွဲကာ လှေကားထစ်သံတုံးများ ပြုတ်ထွက် လျောကျခဲ့သည်။
 
 
 
မျက်မြင်သက်သေများ၏ အဆိုအရ စပ်လှေကား ရုပ်တရက် ပြိုမကျမီ ကြီးမားသော အသံကြီးတစ်ခုကြားရကြောင်း ပြောခဲ့ကြသည်။ သူ့အလိုလို ပြုတ်ထွက်ပြိုကျလာသော စက်လှေကားထစ်များကြောင့် ဈေးဝယ်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရသော်လည်း ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရှိရပြီး ယခုလို ပြုတ်ထွက်ခဲ့ရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပါ။
 


Follow us on