1. Home
  2. Movie Stars - Celebrity

အတွင်းခံကြော်ငြာသစ် နဲ့ Kendall Jenner

Movie Stars - Celebrity ก.พ. 09, 2560 view 1,861

အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ် Kendall Jenner ဟာ အီတလီနာမည်ကြီး တံဆိပ် La Perla အတွင်းခံတွေအတွက် ဓာတ်ပုံတွေ ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

Kendall ဟာ အနက်ရောင် အသားကပ်ခြေအိပ်ကို သိုင်းကြိုးနဲ့ ဆက်စီကျကျပတ်လို့ အတွင်းခံတွေရဲ့အလှကို ပိုမိုပေါ်လွင်စေကာ ဒေါက်ဖိနပ်အမြင့်ကို ဝတ်ဆင်လိုက်ချိန်မှာတော့ သူမရဲ့ရှည်လျားလှတဲ့ ပေါင်တံသွယ်တွေက ပိုမိုလှပနေတာကို မြင်တွေ့ရပါတယ်။

ဘရာအဖြူ အတွင်းခံဘောင်းဘီအနီရဲလေးနဲ့ လဲလျောင်းရင်း သူမရဲ့ရှေ့မှာ "Boys lie" လို့ စာသားကို မြင်တွေ့ရပြီး လက်ထဲမှာ ဘော့စ်ဘောရိုက်တံကိုကိုင်ထားတဲ့ ဓာတ်ပုံကိုတော့ ကန်ဒဲလ်က အတော်လေးသဘောကျပုံရကာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ပြန်မျှဝေထားပါတယ်။

Credit:Duwun



Follow us on