1. Home
  2. Special or Others

ဒိုတာဂိမ်းကြောင့် သူငယ်ချင်း အရင်းကြီးကို ဓားနဲ့ထိုးသတ်ခဲ့သူ

Special or Others ก.พ. 10, 2560 view 2,748
ခင်မင်မှုသက်တမ်း (၁၀)နှစ်ကျော်ရှိခဲ့တဲ့ ငယ်သူငယ်ချင်း အချင်းခြင်း ဒိုတာဂိမ်းကစားရင်း အငြင်းပွားမှု ဖြစ်ရာမှ ဓါးနဲ့ထိုးခဲ့သဖြင့် အသက် ၂၅ နှစ်အရွယ် ဖာဒီနန်မဒမ်ဘာ ဆိုသူ ဖိလစ်ပိုင်လူငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။
 
လွန်ခဲ့တဲ့အပတ်က သူငယ်ချင်းနှစ်ယောက်ဖြစ်သူ မာ့ခ်ပါစကယ်နှင့် ဖာဒီနန်မဒမ်ဘာ တို့နှစ်ဦး လူငယ်များ စွဲလမ်းနှစ်ခြိုက်တဲ့ Defense of the Ancients (DOTA) ဂိမ်းကို အတူတူကစားကြရာမှ အငြင်းပွားကြကာ ဖာဒီနန်မှ မာ့ခ်ကို လက်သီးထိုးရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
 
သို့သော် မာ့ခ်ပါစကယ်က အသင့်ပါလာသည့် ဓါးနှင့် ဖာဒီနန်၏ လည်ပင်းနှင့် ဝမ်းဗိုက်တို့ကို ထိုးသွင်းခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ ထိုစဉ်မှာ ဖာဒီနန်၏ ညီဖြစ်သူ ရောက်ရှိလာပြီး ရေကူးကန်အနီး သွေးအိုင်ထဲ လဲကျနေသော သူ့အစ်ကိုကို မြင်တွေ့ခဲ့ရပြီး အရေးပေါ်ကို အကြောင်းကြားခဲ့သည်။
အသက်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာချိန်တွင် ဖာဒီနန်မှာ သေဆုံးနေကြာင်းတွေ့ရှိခဲ့ရသည်။ ပြစ်မှုကျူးလွန်ခဲ့သူ မာ့ခ်ပါစကယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရှိသည်။
 


Follow us on