1. Home
  2. Special or Others

တရုပ်ပြည်က ဓါတုဗေဒစက်ရုံ အကြီးအကျယ်ပေါက်ကွဲမှု ရုပ်သံ

Special or Others ก.พ. 10, 2560 view 1,562
ဖေဖော်ဝါရီလ (၈)ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် ကြီးမားသော ရဲရဲတောက်မီးလုံးကြီးနဲ့အတူ ဆူညံပေါက်ကွဲသံကြီးကြောင့် အနီးနားရှိလူများ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။
 
အန်ဟွေဒေသမှာရှိတဲ့ တုံလင်းမြို့က ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဟာ အဝေးကကြည့်လိုက်ရင် ဟီရိုရှီးမား အဏုမြူဗုံးကွဲစဉ်က ဓါတ်ပုံတွေထဲကလို ဧရာမ မီးလုံးကြီးဖြစ်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးသတ်သမားတွေ မကြာမီမှာပဲ မီးထိန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးသာရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ မှန်စဆတွေ ထိမှန်ခဲ့လို့သာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါပေါက်ကွဲမှုကြောင့် အန္တရာယ်ဖြစ်စေတဲ့ ဓါတ်ငွေ့ယိုစိမ့်တာမျိုး မရှိခဲ့ဘူးလို့  အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပြီး ဒေသခံများကို မစိုးရိမ်ကြဖို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
 


Follow us on