1. Home
  2. Special or Others

အမျိုးသမီးဝန်ထမ်းကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံသည့် စင်ကာပူကအမျိုးသား ရုပ်သံ

Special or Others ก.พ. 10, 2560 view 1,540
စင်ကာပူနိုင်ငံ ချုံဘာရူးပလာဇာရှိ စတားဟပ် ဖုန်းလိုင်းကုမ္ပဏီတွင် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် ပြောဆိုဆက်ဆံနေစဉ် အခြားအမျိုးသားတစ်ဦးမှ ဝင်ရောက်ဖြန်ဖြေစဉ် ရန်တွေ့သူတစ်ဦးမှ မိုက်ရိုင်းစော်ကားစွာ တုံ့ပြန်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
အဆိုပါအဖြစ်အပျက် ဖြစ်ပွားသည့်နေ့ကို အတိအကျမသိရှိရသော်လည်း ပြဿနာဖြစ်နေစဉ် ရိုက်ကူးထားခဲ့သည့် ဗီဒီယိုမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စင်ကာပူအသိုင်းအဝိုင်းအကြား ပျံ့နှံ့ခဲ့သည်။
ဖြစ်စဉ်မှာ ဖုန်းလိုင်းကုမ္ပဏီဝန်ထမ်းကို ကာစတန်မာ အမျိုးသားတစ်ဦးမှ ရင်ရင့်သီးသီး ပြောဆိုဆက်ဆံနေစဉ်တွင် အလှည့်ရောက်ရန် စောင့်ဆိုင်းနေသော အခြားလူဖြူ ကာစတန်မာတစ်ဦး (Mr Justin A. Farren)မှ ဝင်ရောက် ဖျန်ဖြေရန် ကြိုးစားခဲ့ရာ သူ့ကိုပါ ဆက်လက် ရန်တွေ့ ဆဲဆိုစော်ကားခဲ့သည်။
 
ဗီဒီယိုပါ ပုံရိပ်များအရ အဆိုပါအမျိုးသားက လူဖြူအမျိုးသားအား ဆဲဆိုခဲ့သည့်အပြင် စိန်ခေါ်ခြင်း၊ တံတွေးနှင့် ထွေးခြင်းများပါ အောက်တန်းကျကျ ပြုမူခဲ့သည်ကို တွေ့ခဲ့ရသည်။ လူဖြူအမျိုးသားက အေးဆေးစွာပင် တုံပြန်ပြောဆိုကာ ဝန်ထမ်းအမျိုးသမီးကို ကာကွယ်ခဲ့ကြောင်း တွေ့ခဲ့ရသည်။
 
နောက်ပိုင်းတွင် ရဲများရောက်လာပြီး အဆိုပါအမျိုးသားအား အရေးယူသွားခဲ့ကြောင်း သိရှိရသည်။ ဗီဒီယိုပျံ့နှံ့ခဲ့ပြီးနောက် အရေးကြုံပါက ရှေ့မှမားမားရပ်ပေးခဲ့သူ လူဖြူအမျိုးသားအား စင်ကာပူအသိုင်းအဝိုင်းမှ လူစွမ်းကောင်းအဖြစ် ဝိုင်းဝန်းချီးကျူးပြောဆိုခဲ့ကြကြောင်း သိရှိရသည်။
 


Follow us on