1. Home
  2. Myanmar News

ကချင်သူနာပြုဆရာမလေး အသတ်ခံခဲ့ရသော်လည်း အဓ္ဓမပြုကျင့်ခံထားရခြင်းမရှိ

Myanmar News ก.พ. 10, 2560 view 2,001
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်တိုင်းရင်းသူ၊ အသက် ၂၄ နှစ်အရွယ် သူနာပြုဆရာမလေး မရန်မလိဆန်ပန်ဟာ သူမ၏ နေအိမ်တွင် ဓါးဒဏ်ရာ (၁၉)ချက်နှင့် သေဆုံးခဲ့သည့် သတင်းမှာ မှန်ကန်သော်လည်း အွန်လိုင်းတွင် ပျံ့နှံ့နေသကဲ့သို့ လူ(၅)ဦးမှ အဓ္ဓမပြုကျင့်ခဲ့သည်မှာ မမှန်ကန်ကြောင်း မြစ်ကြီးနား ရဲစခန်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဓါးဒဏ်ရာများမှာ နို့အုံနှင့် ခန္ဓာကိုယ်နေရာအနှံ့မှာ ထိုးသွင်းခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ အဓ္ဓမပြုကျင့်ခံထားရသည်မှာ မဟုတ်မှန်ကြောင်း ဆေးစစ်ချက်များအရ သိရှိခဲ့ရသည်။ သူမ သေဆုံးခဲ့မှုနှင့် ပက်သက်၍ သူမနှင့် ရင်းနှီးကျွမ်းဝင် ပက်သက်ခဲ့ဖူးသော အမျိုးသားတစ်ဦးအား စစ်ဆေးမေးမြန်မှုများ ပြုလုပ်နေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ထံမှ သတင်းရရှိသည်။
 
အမှုကို ပုဒ်မ ၃၂၀ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူတရားခံ ပေါ်ပေါက်ရေးကို ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း နောက်ဆုံးသတင်းရရှိသည်။
 


Follow us on