1. Home
  2. Movie Stars - Celebrity

ဖက်ရှင် သင်တန်း ဖွင့်လှစ်မယ့် ဒီဇိုင်နာ အိကျော်ဇင်

Movie Stars - Celebrity ก.พ. 10, 2560 view 1,851

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့အစ်မဖြစ်သူဒီဇိုင်နာအိကျော်ဇင်ရဲ့ Vivid Fashion Taste ဆိုင်နှစ်သစ်အထူးဈေးရောင်းပွဲကိုဇန်နဝါရီလ ၂၁၊ ၂၂၊ ၂၃ ရက်နေ့ များက မနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ အမှတ်- ၃၂ (စီ)၊ ကုက္ကိုင်း ရေကူးကန်လမ်း၊ ဗဟန်းမြို့နယ် မှာ ပြုလုပ်ခဲ့ပြီး vivid ကို အားပေးခဲ့ကြတဲ့ customer များကို ကျေးဇူးဆပ်တဲ့ အနေ နဲ့ ပြု လုပ်ခဲ့တာလဲ ဖြစ်ပါတယ်။ ပရိုမိုးရှင်းပွဲ အတွက်ကို ဇာ အသစ်တွေ ၊ ဘရိုကိတ်တွေ လည်း တင်ထားခဲ့ တယ်။ ချိတ်တွေကို လည်း ၅ဝ ရာ ခိုင်နှုန်း ဈေး ချ ပေးထားခဲ့ ပါတယ်။ ဆိုင် မှာရောင်းချတဲ့ ဈေးကိုပဲ ဒီနှစ်သစ်မှာ ဧည့်သည်တွေကို တကူးတက ဖိတ်ကြားပြီး အကျွေးအမွေး နဲ့ ဧည့်ခံပြီး ထက်ဝက် ဈေး ချပြီးတော့ ရောင်းချပေးတာပါ။

ဒီဇိုင်နာ အိကျော်ဇင်က ဂျပန်နိုင်ငံ Tokyo Bunka College မှ ဝါရင့်ကျွမ်းကျင် ဆရာမကြီး Ms. Hiroko Shimotori နဲ့ ပူးပေါင်းပြီး Fashion Short Course သင်တန်း ကို ဖွင့်လှစ် သွားဖို့ရှိကြောင်းလည်း သိရပါတယ်။ ဒီသင်တန်းနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ အိကျော်ဇင်က အစ်မ သင်တန်းကျောင်း ဖွင့်ချင်နေတာ ကြာပြီ။ အစ်မ သူငယ်ချင်းနဲ့ ပတ်သက်ပြီး ဂျပန်က ဆရာမ တစ်ယောက် နဲ့ သိ သွားပြီးတော့ အဲဒီ ဆရာမ နဲ့ပေါင်းပြီး ဒီကျောင်းလေး လုပ်ဖြစ် တာပါ။

သင်တန်းက Short Course ပါပဲ။ အခုက ၃ ရက်ကို one course နှုန်းနဲ့ သင်ကြားမှာပါ။ အခြေခံစက်ချုပ် သင်တန်း တက် ထားတဲ့ သူဆိုရင် ပိုအဆင်ပြေပါတယ်။ အသေးစိတ် သင် မှာမျိုး မဟုတ်ဘူး။ ဒီအင်္ကျီကို ဒီလိုမျိုး ညှပ်ရမယ် ဆိုပြီး သင်မှာ မဟုတ်ဘူး။ ဒီအင်္ကျီကို ညှပ်ချင်တယ် ဘယ်လိုမျိုး ညှပ်ရမလဲ ဆိုတာကို ဆရာမက အိုင်ဒီယာ ပေးမယ်။ နိုင်ငံခြားတွေမှာ ဆိုရင် အဲဒီလို မျိုးပဲလေ။ ကိုယ့်မှာ ဘယ်လို တီထွင်နိုင် စွမ်းရှိလဲ။ အဲဒါ ကို ဖော်ထုတ်ပေးမှာပါ

ပထမဆုံး ရက်တို သင်တန်းမှာ သင်တန်းကြေး ၃သိန်း ဖြစ်ကာ ဇန်နဝါရီ ၂၈ရက်နေ့မှာ စတင်သင်ကြား မှာဖြစ် ပြီး နောက်ပိုင်း မှာလည်း လူဦးရေ အကန့်အသတ် နဲ့ ရက်ရှည် သင်တန်းတွေဖွင့်လှစ် သင်ကြား သွားဖို့ရှိ ကြောင်း ဒီဇိုင်နာအိ ကျော်ဇင်က ပြောသွားခဲ့ပါတယ်။

 

Credit:popular 



Follow us on