1. Home
  2. Special or Others

အမှတ်မထင်ရိုက်လိုက်တဲ့ ဓါတ်ပုံကြောင့် iPhone အလစ်နှိုက်သမား အဖမ်းခံရ

Special or Others ก.พ. 10, 2560 view 1,725
တရုပ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးက သူ့ရဲ့ သူငယ်ချင်းနဲ့ တစ်နေရာမှာ တွေ့ဖို့ချိန်ဆိုထားစဉ် သူငယ်ချင်းဖြစ်သူ လာနေသည်ကို စောင့်စားနေခဲ့သည်။ ထိုစဉ် သူငယ်ချင်းဖြစ်သူမှ ဆာတေးအသားချောင်းကို အငမ်းမရစားရင်း လှေကားမှ ဆင်းလာနေသည့် ပုံကိုကျည်စယ်လိုသည့် သဘောနှင့် အမှတ်မထင် ဓါတ်ပုံခိုးရိုက်ခဲ့သည်။
 
 
သူဓါတ်ပုံခိုးရိုက်နေသည့်အချိန်နှင့် တိုက်ဆိုင်စွာ ခါးပိုက်နှိုက် အလစ်သမားတစ်ဦးက သူငယ်ချင်းဖြစ်သူ၏ စလင်းဘတ်အိတ်ထဲမှာ iPhone 6s ကို အလစ်သုတ် ထွက်ပြေးသွားခဲ့သည်။ သူမအမှတ်မထင်ရိုက်ကူးခဲ့သော ပုံများတွင် အလစ်သမား၏ မျက်နှာပါသည့်ပုံနှင့် ရဲစခန်းကို တိုင်ကြားခဲ့ရာ သုံးရက်အကြာတွင် အလစ်သမားကို ဖမ်းဆီးနိုင်ခဲ့သည်။
 
အကယ်၍ မိမိတစ်ဦးတည်းသွားစဉ် မိမိကို အလစ်သုတ်ခံခဲ့ရပါက ဖော်ပြပါ ဗီဒီယိုအတိုင်း ပြန်လည်တုံ့ပြန်နိုင်ပါအောင် ပြင်ဆင်ထားသင့်ပါသည်။
 


Follow us on