1. Home
  2. Health Fix

ယောဂ ကျင့်ပေးခြင်းက သွေးဆုံးကိုင်ချိန်မှာ အိပ်မပျော်ခြင်းကို သက်သာ စေနိုင်

Health Fix ก.พ. 10, 2560 view 1,589
သွေးဆုံးကိုင်ချိန်မှာ ယောဂကျင့်ပေးခြင်းဟာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ၁၂ ပတ်ကြာ လေ့ ကျင့်ပေးရမယ့် ယောဂကြောင့် သွေးဆုံးပြီး အမျိုးသမီးတွေဟာ ညဘက် ချွေးထွက်လွန်ခြင်း၊ ကိုယ်ခန္ဓာ ပူစပ် ပူလောင်ဖြစ်ခြင်းတွေ လျော့ပါး လာတယ်လို့လည်း သုတေသီတွေက ပြောကြားထားပါတယ်။
 
ဒီလေ့လာမှုကို Group Health Research Institute မှ သုတေသီ Katherine Newton က ဦးဆောင်ခဲ့ပြီး သွေးဆုံးကိုင်ချိန်် ကြုံတွေ့ရမယ့် အိပ် မပျော်ခြင်းကို ယောဂကျင့်ပေးခြင်းအားဖြင့် သက်သာစေနိုင်ကြောင်းပြောကြားထားပါတယ်။ သွေးဆုံးကိုင်ခြင်းမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို လေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ ငါးကြီးဆီစားခြင်းအားဖြင့် သက်သာစေနိုင်တယ်ဆိုတာကို ယခင်သုတေသနများမှာ ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လေ့လာမှုမှာ သွေးဆုံးခါနီး အမျိုးသမီး ၂၄၉ဦးကို သုတေသနပြုခဲ့ပြီး အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။
 
အုပ်စုတစ်စုကို ယောဂကျင့်စေခဲ့ပြီး နောက်တစ်အုပ်စုကိုတော့ အလယ်အလတ်အဆင့် အေရိုးဗစ်အားကစားကို ပြုလုပ်စေခဲ့ပါတယ်။ တွေ့ရှိလာရတာကတော့ အေရိုးဗစ် အုပ်စုမှာ အိပ်စက်မှုအရည်အသွေး တိုးတက်လာပါတယ်။ ယောဂအုပ်စုမှာကတော့ အိပ်စက်မှုအရည်အသွေးက အေရိုးဗစ်အုပ်စုထက် ပိုကောင်းပြီး စိတ်ကျခြင်းဝေဒနာလဲ သက်သာလာတာကို တွေ့ရှိရပါတယ်။ ဒီတွေ့ရှိမှုကို Online Journal in Menopause မှာ ဖော်ပြထားပါတယ်။
 
Credit : health.thithtoolwin


Follow us on