1. Home
  2. Special or Others

မြေအောက်ရထားတွင် ရမ်းကားခဲ့သော ညီအစ်ကို သုံးဦးအား လူအုပ်ကြီးမှ ဝိုင်းဆုံးမ

Special or Others ก.พ. 10, 2560 view 1,561
ဟောင်ကောင်ရှိ မြေအောက်ရထားတစ်ခုထဲတွင် အရက်မူးပြီး တက်လာသော ညီအစ်ကို သုံးဦးမှ လူတစ်ဦးကို ပါးရိုက်ခဲ့ပြီးနောက် အခြားရထားစီးခရီးသည်များက မမျိုသိပ်နိုင်ဖြစ်ကာ ဝိုင်းဝန်း ထိုးကျိတ်ခဲ့ကြသည်။
 
မြေအောက်ဘူတာတစ်ခုဖြေစ်သော East Tsim Sha Tsui ဘူတာတွင် အသက် ၁၇၊ ၁၉၊ ၂၄ နှစ်အသီးသီးရှိကြသော ညီအစ်ကို သုံးဦး အရက်မူး၍ တက်လာခဲ့ပြီးနောက် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ရထားပေါ်တွင် တိုက်မိရာမှ အချင်းများခဲ့ကြခြင်းဖြစ်သည်။
 
အမျိုးသမီးမှာ အခြားအဖော် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးပါလာပြီး၊ ညီအစ်ကိုများမှ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရထားတံခါးအား ထုရိုက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် သူတို့ထဲမှ တစ်ယောက်က အမျိုးသမီး၏ အဖော်ဖြစ်သူ အမျိုးသားတစ်ဦးကို ပါးရိုက်ခဲ့သည်။
 
ဤတွင် သူတို့အဖွဲ့နှင့်အတူ အခြားရထားစီး ခရီးသည်အချို့ကပါ သောင်းကျန်းညီနောင် သုံးယောက်ကို ဝိုင်းဝန်းဆုံးမကာ ရထားအပြင်သို့ ဆွဲထုတ်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကို ရထားစီးခရီးသည် နှစ်ဦးမှ ရိုက်ကူးထားသည့် ဗီဒီယိုကို ကြည့်ရှုသူများ အဆင်ပြေစေရန် ပြနလည် ပေါင်းစပ်ထားပါသည်။
 


Follow us on