1. Home
  2. Special or Others

ဖေဖေါ်ဝါရီ မွေးသူများ၏ ပင်ကိုယ်စိတ်ထားနှင့် စရိုက်သဘာဝ

Special or Others ก.พ. 13, 2560 view 1,617
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် ဖေဖော်ဝါရီလ မွေးဖွားသူများရဲ့ စရိုက်သဘာဝကို ဖော်ပြပေးလိုက်ပါတယ်။
ဖေဖော်ဝါရီလတွင် မွေးဖွားသူ အများစုဟာ လက်တွေ့ဘဝနဲ့ ဝေးကွာပြီး စိတ်ကူးယဉ်ဆန်တတ်သူများ ဖြစ်ကြပါတယ်။ သူတို့ဟာ စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ကြပေမယ့် စိတ်ကူးယဉ်ကမ္ဘာထဲမှာ နစ်မြုတ်တတ်သူတွေ ဖြစ်ပါတယ်။
 
ဖေဖေါ်ဝါရီလ မွေးသူတွေဟာ လုံးဝဆတ်ဆတ်ထိမခံသော ထိခိုက်ခံစားလွယ်သော စိတ်နေသဘောထားရှိသူများဖြစ်ကြပါတယ်။ ဗီဇသဘာဝအရ ခင်မင်တတ်ကြသူတွေဖြစ်သော်လည်း အချိန်အတော်များမျာမှာတော့ အထီးကျန်သလို ခံစားရတတ်ကြပါတယ်။ သူတို့တွေဟာ ချွင်းချက်မမရှိ သစ္စာရှိသူတွေဖြစ်ကြပြီး သူတို့ချစ်တဲ့သူတွေအပေါ်မှာဆိုရင် ဘဝတစ်ခုလုံးကိုတောင် မြုတ်နှံတတ်ကြသူတွေဖြစ်ပါတယ်။
 
ဖေဖော်ဝါရီလ မွေးသူတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိပါသေးတယ်။ အဲဒါကတော့ သူတို့ဟာ တစ်ပါးသူရဲ့ စိတ်ကို အလွယ်တစ်ကူ ဖတ်နိုင်ပါတယ်၊ ဒါပေမယ့် မှတ်ချက်ပေးဖို့ကိုတော့ စိတ်ထဲမှာပဲ ထားတတ်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အခြေနေတစ်ရပ်က မတောင်းဆိုလာခင်အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းတတ်သူတွေဖြစ်ပါတယ်၊ အဖြစ်မနေအခြေအနေတစ်ခု ရောက်လာပြီဆိုရင်တော့ ဦးဆောင်နိုင်တဲ့ စွမ်းရည် ထွက်ပေါ်လာကာ အခက်အခဲတွေကို ကျော်လွှားသွားနိုင်သူချည်းပဲဖြစ်ပါတယ်။
 
လူတစ်ဖက်သားကို အံ့အားသင့်သွားအောင် လုပ်နိုင်တဲ့ ပင်ကိုပါရမီ ပိုင်ဆိုင်ကြသူတွေလည်း ဖြစ်ပါတယ် ဒါကြောင့်သူတို့ဟာ ဖျော်ဖြေရေး၊ အနုပညာနယ်ပယ်တွေမှာ ဆွဲဆောင်မှုရှိသူတွေ ဖြစ်ကြသလို လွပ်လပ်မှုကိုလည်း အင်မတန်မှ မြတ်နိုးလိုလားသူတွေ ဖြစ်ပါတယ်။
 
ယေဘုယျအားဖြင့်တော့ ရှက်တတ်သူတွေဖြစ်ကြပေမယ့် သူတို့ကို ဖိအားပေးတာမျိုး၊ နောက်ချန်ထာမျိုး ဒါမှမဟုတ် သူတို့ဆန္ဒနဲ့ ဆန့်ကျင်တာမျိုးကို ဖြစ်လာခဲ့ရင်တော့ ကြက်ခေါင်းဆိတ်မခံတတ်တဲ့ ဗီဇလေးက ပြလာပြီး ရှုးရှုးရှားရှား တုန့်ပြန်တတ်ပါတယ်။ တစ်ကိုယ်တည်း ဘာသိဘာသာ နေတတ်ကြသူတွေဖြစ်ပြီး လိုအပ်လာတဲ့အခါကျမှ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရည်နဲ့ ပက်သက်ပြီး ကျော်ကြားမှုမခံလိုပဲ ရိုးရိုးကုပ်ကုပ်နှင့် သိုသိုသိပ်သိပ် နေထိုင်တတ်ကြသူများ ဖြစ်ပါတယ်။ 
 


Follow us on