1. Home
  2. Special or Others

ကလေးသူငယ်ပျောက်ဆုံးမှုကို အကာအကွယ်ပေးနိုင်မည့် Personal Tracker

Special or Others ก.พ. 13, 2560 view 1,552

ကား၊ ဆိုင်ကယ်၊ ပိုက်ဆံအိတ်၊ Mobile Phone နှင့် ကလေးသူငယ်များ ပျောက်ဆုံးမှုကို အကာအကွယ်ပေး နိုင်မည့် Personal Tracker ကို လူစိတ်ဝင်စားမှု များပြားနေကြောင်း ယင်းပစ္စည်းကို ဖြန့်ချိနေသူ ကိုသူရိန်က ပြောကြားသည်။ Personal Tracker သည် ပတ် လည်တလက်မခွဲနှင့် အထူလက်မ၀က်ခန့်သာရှိပြီး ကလေးသူငယ်များ၏ လည်ပင်းနှင့် ပိုက်ဆံအိတ်၊ ဖုန်းတို့တွင် ချိတ်ဆွဲ၍ ရသော လော့ကတ်ပုံစံဖြစ်သည်။ အဆိုပါ လော့ကတ်ရှိသော နေရာကို Mobile Phone Application မှ ကြည့်ရှုနိုင်သောကြောင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကာကွယ်နိုင်သောပစ္စည်းဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် လူစိတ်ဝင်စားမှု များပြားနေသောကြောင့် ၂ ပတ်အတွင်း ပစ္စည်း ၃၀၀ ကျော်ခန့်ရောင်းချရကြောင်း သိရသည်။

''ကျွန်တော်တို့ အဓိကထားတာကလေးတွေ ကျောင်းသား၊ ကျောင်းသူတွေပဲ။ Personal Tracker ကို အဲဒီကလေးတွေရဲ့ လွယ်အိတ်၊ လည်ပင်းမှာဆွဲထားလို့လည်း ရတယ်။ အဲဒီပစ္စည်းပါသွားရင် ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဖုန်းထဲက ကြည့်လို့ရတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် တွေ့မြင်နိုင်တယ်။ အသံနားထောင် ချင်ရင်လည်း ရတယ်။ ကလေးတွေအတွက် အများကြီးအရေးပါတယ်။ အကျိုးသက်ရောက်မှုရှိတယ်'' ဟု ကိုသူရိန်က ပြောသည်။

Personal Tracker သည် ဖုန်း၊ ကားစသည်တို့တွင် ချိတ်ထားနိုင်ကြောင်း၊ Personal Tracker ကို ဖုန်းလိုင်းမိသော နေရာဟူသမျှတိုင်း၌ အသုံးပြုနိုင်ပြီး၊ Tracker ထဲ၌ ထည့်ထားသော SIM Card သည် တနာရီလျှင် ၁ ကျပ်၊ တလဆိုလျှင် ၇၂၀ ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်းနှင့် ဖုန်းနှင့် Tablet ပေါ်တွင် Android နှင့် iOS Application မှ ကြည့်နိုင်ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သော Personal Tracker တွင် 450 mAh ဘတ်ထရီပါရှိပြီးအားအပြည့်ရှိမည်ဆိုပါက အနည်းဆုံး ၃ ရက် အသုံးပြုနိုင်ကြောင်း တနှစ်အတွင်း အာမခံထားပြီး ပစ္စည်းပျက်စီးပါက အသစ်တခုလဲလှယ် ပေးကြောင်းနှင့် ပစ္စည်း၏ ဈေးနှုန်းမှာ ကျပ် ၆၀၀၀၀ ဖြစ်ကြောင်း စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ်-၀၉၅၃၁၃၀၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Credit : NewsWatchJournal/



Follow us on