1. Home
  2. Special or Others

ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦး ဆင်ကိုရေးချိုးပေးစဉ် အစွယ်နှင့် ထိုးကော်ခံခဲ့ရ

Special or Others ก.พ. 13, 2560 view 1,710
ထိုင်းနိုင်ငံရဲ့ သဘာဝ တောတောင် နေရာတစ်ခုမှာရှိတဲ့ ဆင်စခန်းတစ်ခုမှာ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦး ဆင်ကို ရေချိုးပေးစဉ် ဆင်က သူအစွယ်နဲ့  ကလော်လွှင့်ပစ်တာကို ခံခဲ့ရပါတယ်။
 
ဆင်စခန်းကိုလာကြတဲ့ ကမ္ဘာလှည့်ခရီးသွားအများစုဟာ ဆင်တွေကို ထိတွေ့ကိုင်တွယ်ပြီး မြစ်ထဲက ရေနဲ့ ရေချိုးပေးတာ၊ ဆင်နှာမောင်းနဲ့ ရေပက်ဖျန်းခံတာ စသဖြင့် သဘာဝတရားအစစ်ရဲ့ အတွေ့အကြုံတွေကို ရယူရင်း အပမ်းဖြေလာလေ့ရှိကြပါတယ်။ ဝှတ်တနီ လာဗက် ဆိုသူ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာလှည့်ခရီးသွားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူက ဆင်နှာမောင်းကို ရေလောင်း ပွတ်သတ်ပေးစဉ် ဆင်က သူ့ရဲ့ အစွယ်နဲ့ ရုတ်တရက် ကော်ထိုးခံရပြီး လေထဲ မြောက်ကာ ပြန်ပြုတ်ကျခဲ့ရပါတယ်။
 
သူမရဲ့အမျိုးသားဖြစ်သူက အမှတ်တရဗီဒီယိုရိုက်ကူးစဉ် ဖြစ်ပျက်ခဲ့တာကြောင့် မှတ်တမ်းတင်ရိုက်ကူးပြီးသား ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုရဲ့ အဆုံးပိုင်းမှာ သူမပြန်ထလာတာကြောင့် ဒဏ်ရာအနာတရ မရှိခဲ့ဘူးလို့ မှတ်ယူနိုင်ပါတယ်။ အဆိုပါ ဗီဒီယိုကို ယူကျူ့မှာ ဇန်နဝါရီ လကုန်ပိုင်းလာက်က သူမကိုယ်တိုင် တင်ထားခဲ့ပြီး ကြည့်ရှုသူတွေ များပြားတဲ့ ဗီဒီယိုတစ်ခု ဖြစ်လို့နေပါတယ်။ 
 


Follow us on