1. Home
  2. Special or Others

ပြောတဲ့အတိုင်းဖြစ် ပါးစပ်စီးတဲ့ တီဗီချန်နယ်သတင်းထောက်

Special or Others ก.พ. 13, 2560 view 1,658
လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ အိမ်က လူကြီးမိဘတွေဆီကပဲ ဖြစ်ဖြစ် ကြားဖူးနေကြ စကားတစ်ခွန်းရှိပါတယ် “ပါးစပ်စီးတယ်”..။ အချို့လူတွေဟာ တစ်ကယ်ပဲ ပါးစပ်စီးကြပါတယ်။ ပါးစပ်စီးတယ်ဆိုတာ သူတို့နှုတ်က ပြောလိုက်တဲ့စကားတစ်ခွန်းက အဲ့ဒီအတိုင်းပဲ မကြာခင်ဖြစ်တတ်ပါတယ်။
 
ဥပမာ အိမ်ကမထွက်ခင်မှာ လူကြီးတစ်ယောက်ယောက်က “ဟဲ့.. သတိထားသွားဦးနော်၊ ခါးပိုက်နှိုက်ခံရဦးမယ်” လို့ အမှတ်တမဲ့ မှားကြားလိုက်ပြီး မကြာခင်မှာပဲ တစ်ကယ်ခါးပိုက်နှိုက်ခံလိုက်ရတာမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှေးလူကြီးတွေက မကောင်းတဲ့ စကားကို မလိုအပ်ပဲ မပြောဖို့ နမိတ်ပြသလို ဖြစ်မှာ စိုးလို့ ဆုံးမပြောဆိုလေ့ရှိပါတယ်။ ပါးစပ်စီးတယ်ဆိုတဲ့ ကိစ္စက တစ်ကယ်ကို ရှိတာပါ၊ အကြားအမြင်နဲ့ မတူပေမယ့် ပြောတဲ့အတိုင်း ဖြစ်လာတတ်တာကို ပါးစပ်စီးတယ်လို့ နားလည်ထားကြပါတယ်။
 
ယခုလည်း ဘရားဇီးရုပ်သံလိုင်းတစ်ခုက မော်တော်ယာဉ်လမ်းကြောင်း သတင်းထောက်တစ်ဦးဟာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်နေစဉ် သူရောက်နေတဲ့ နေရာနဲ့ မိတ်ဆက်ပြီး ဒီနေရာမှာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပါတယ်၊ ဘယ်လိုဖြစ်သလဲဆိုတော့ ဒီလိုပါ ဆိုပြီး လမ်းတစ်ဖက်မှာ လာနေတဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို လက်ညိုးညွှန်ပြသလို ဖြစ်သွားပြီး အဆိုပါ ဆိုင်ကယ်ဟာ အလိုလိုဂျွမ်းပစ်ပြီး အမှန်တစ်ကယ် တိမ်းမှောက်သွားခဲ့ပါတယ်။
 
ဒါပေမယ့် သူဟာ သတင်းကြေညာတာကို မရပ်ပဲ ဖြစ်ပဖက်သွားတဲ့ အဆိုပါ အဖြစ်အပျက်ကို ဆက်လက်ရှင်းလင်း ပြောကြားနေခဲ့ပါတယ်။ ဒီဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး လူအချို့က သူ့မှာ မှော်စွမ်းအားများရှိနေသလားလို့ ဝေဖန်ကြသလို တစ်ယောက်ကလဲ ဆိုင်ကယ်မှောက်ရတာဟာ သူတို့ရုပ်သံရိုက်ကူးရေးအဖွဲ့တွေ အဲ့နားမှာ ရှုပ်နေလို့နေမှာပေါ့လို့ ဝေဖန်ခဲ့ကြပါတယ်။
ဘယ်လို ဖြစ်ပျက်ခဲ့လဲ ဆိုတာကို  ကိုယ်တိုင်ကြည့်ရှုဝေဖန်ကြပါဦး..။

 



Follow us on