1. Home
  2. Myanmar News

မောင်တောအကြမ်းဖက်မှု ဦးဆောင်ခဲ့သူတစ်ဦးကို သေဒဏ်ချမှတ်

Myanmar News ก.พ. 14, 2560 view 1,428
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က မောင် တောအခြေစိုက် နယ်ခြားစောင့် ရဲဌာနချုပ်အပါအဝင် ငါးခူရနှင့် ကိုးတန်ကောက်ရဲစခန်းတို့ကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သူ မာမတ်နူ(ခ)အူလာ ကို စစ်တွေခရိုင်တရားရုံးကသေဒဏ် ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။
 
အူလာသည် ရသေ့တောင် မြို့နယ် ကိုးတန်ကောက်နယ်ခြား စောင့်ရဲစခန်းကို စီးနင်းတိုက်ခိုက် ရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ် သည်။ ပြစ်မှုကျူးလွန်သူကို စစ် တွေခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂(၁)(ဂ)ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်တွေခရိုင် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
 
အဆိုပါ အမိန့်ချမှတ်ခဲ့မှုနှင့် ပက်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်အား မေူမြန်းခဲ့ရာ ‘‘ကြားပါတယ်။ စာဝင်တာ ကတော့ မတွေ့သေးဘူး။ ကျွန် တော်က ခရီးထွက်နေတော့’’ဟု ကပြောသည်။
 
ယခုသေဒဏ်အမိန့် ချမှတ်ခံရသူသည် ၎င်းကိုစွဲဆိုထားသည့် ကျန်အမှုများကိုလည်း ဆက် လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲမှူးကြီးခင်ကျော်က ဆိုသည်။
သူကျူးလွန်တဲ့ပြစ်မှုအား လုံး ရင်ဆိုင်ရမှာပါ။ စွဲထားတဲ့ ပုဒ်မတွေ ဆက်စစ်ဖို့ရှိသေးတယ်’’ 
အူလာကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ များဖြင့် ဆက်လက် တရားစွဲဆိုထားသည်။
မောင်တောအခြေစိုက် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် စခန်းနှစ် ခုကို အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်တွေခရိုင်တရား ရုံးတွင် စစ်ဆေးနေသူ ၁၄ ဦးရှိ ကြောင်းသိရသည်။
 
ပြီးခဲ့သည့် နှစ် အောက်တိုဘာ ၉ ရက်က မောင်တောအခြေ စိုက် နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (ဌာနချုပ်) အပါအဝင် ငါးခူရနှင့် ကိုးတန်ကောက်ရဲ စခန်းတို့ကို အကာလ်မူလ်မူဂျာဟီ ဒင်န်အဖွဲ့နှင့် ဒေသတွင်း စစ်သွေးကြွဘင်္ဂါလီများက အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၉)ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်မိသားစုနှင့် အရပ်သားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
 
သေဒဏ်ချမှတ်လိုက်သော် လည်း တရားစွဲဆိုထားသည့် ပြစ် မှုများကို ဆက်လက်ရင်ဆိုင်ရ မည်ဖြစ်ပြီး သေဒဏ်ကို နောက် ဆုံးကျခံရမည်ဖြစ်ကြောင်း ရှေ့ နေတစ်ဦးကပြောသည်။
 
Credit:7DayDaily


Follow us on