1. Home
  2. Myanmar News

တိုက်နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ခံရသော မွေးကင်းစကလေးငယ် ဦးခေါင်းခွံရိုးကျိုးဒဏ်ရာဖြင့် သေဆုံး

Myanmar News ก.พ. 14, 2560 view 1,481
တာမွေမြို့နယ် မလွှကုန်း၊ ဌေးကြွယ် (က)ရပ်ကွက်ရှိ တိုက်နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်သည် ဖေဖော်ဝါရီ ၁၂ ရက် ည၌ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 
တာမွေမြို့နယ် မလွှကုန်း (က)ရပ်ကွက် ဇဋိလလမ်းနှင့် ဇောတိကလမ်းကြားရှိ တိုက်နောက် ဖေးလမ်းကြားတွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချက်ကြိုးတန်းလန်းဖြင့် ကလေး ငယ်တစ်ဦး စွန့်ပစ်ထားသည်ကို ရပ်ကွက်အတွင်း နေထိုင်သူများ က စတင်သိရှိခဲ့ပြီး အဆိုပါကလေးငယ်သည် ယင်းညတွင် သေဆုံးခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သေဆုံးခဲ့သည့် ကလေးငယ်၏ ခန္ဓာကိုယ်၌ ပွန်းပဲ့ဒဏ်ရာများ ရရှိထားသည့်အပြင် ဦးခေါင်းခွံ ရိုးကျိုးဒဏ်ရာဖြင့် ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း ရန်ကင်းကလေးဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
 
 
နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ခံခဲ့ရသည့် ကလေးသည် မိန်းကလေးဖြစ်ပြီး ကနဦး စစ်ဆေးချက်များအရ ညာဘက်ချို စောင်း ဖူးရောင်ဒဏ်ရာအပြင် ပါးစပ်နှင့် နှာခေါင်းတို့၌ သွေးထွက်ဒဏ်ရာများ ရရှိထားသဖြင့် ရန်ကင်းကလေးဆေးရုံသို့ ပို့ ဆောင်ကုသပေးခဲ့ကြောင်း တာ မွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
 
မွေးကင်းစကလေးငယ် စွန့် ပစ်ခဲ့မှုနှင့်ပတ်သက်၍ တာမွေမြို့ မရဲစခန်းက ပုဒ်မ ၃၁၇ ဖြင့် ကနဦးအမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။
 
Credit:7DayDaily


Follow us on