1. Home
  2. Special or Others

မိုက်ကယ်ဂျက်ဆင် အတုခိုးကောင်းလို့ လည်ပင်းကျိုးပြီး သေခဲ့ရ

Special or Others ก.พ. 14, 2560 view 2,022
တစ်ကမ္ဘာလုံးက နှစ်သက်ကြတဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ အကတွေဟာ ခုထက်ထိတိုင် မရိုးနိုင်သလို၊ သူနဲ့ထပ်တူကအောင် က နိုင်သူတွေလည်း အများကြီးမရှိပါဘူး။  ရုရှားနိုင်ငံက မင်္ဂလာဆောင် အခမ်းနားတစ်ခုမှာ ပရိသတ်တွေကို ဖျော်ဖြေဖို့ ငှားထားတဲ့သူက မိုက်ကယ်ဂျက်ဆင်ရဲ့ ကကွက်တွေနဲ့ တစ်ထပ်တည်းကျအောင် ဖျော်ဖြေနေတဲ့အတွက် လူတွေ ဝိုင်းအုံပြီး အားပေးခဲ့ကြပါတယ်။
 
သူတို့ထဲက တစ်ယောက်ကတော့ သီချင်းသံမြူကြွမှာကို မခံနိုင်ပဲ သူကိုယ်တိုင် ဝင်ကဖို့ ဆုံးဖြတ်လိုက်ဟန်တူပါတယ်။ မပြောမဆို ရုတ်တရက် ကြည့်နေရင်းကနေ သူ့ရှေ့က ခုံတစ်လုံးပေါ် ပြေးတက်ရင် နောက်ကျွမ်းထိုးဖို့ ကြိုးစားရာမှာ တက်လိုက်တဲ့ ခုံက လျှောထွက်သွားပြီး ဟန်ချက်မမှန်ပဲ ပြန်ကျရာမှာ လည်ပင်းနဲ့ ကျခဲ့တဲ့အတွက် လည်ပင်းကျိုးပြီး သေဆုံးခဲ့ရတာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။ 
 


Follow us on