1. Home
  2. Myanmar News

၂၀၁၆ ခုနှစ် အကယ်ဒမီပေးပွဲ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မည်

Myanmar News ก.พ. 15, 2560 view 1,753
၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲအခမ်းအနားကို ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပရန် သေချာပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အတည်ပြုပြောကြားလိုက်သည်။
 
ပြည်သူ့ရင်ပြင်တွင် အကယ်ဒမီပေးပွဲအခမ်းအနားကို ကျင်းပနိုင်ရန် ရုပ်ရှင်အစည်းရုံးမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၃၀ ရက်နေ့က သွားရောက်တွေ့ဆုံကာ လျှောက်လွှာတင်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့ရင်ပြင်၌ ကျင်းပခွင့်ကို တရားဝင်ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။
 
၂၀၁၆ ခုနှစ်အတွက်ရုပ်ရှင်ထူးချွန်ဆု စာရင်းဝင် ဇာတ်ကားပေါင်း (၃၃)ကားထိ ရှိနေပြီး ဆုရွေးချယ်ရေးလုပ်ငန်များလည်း ပြီးစီးပြီကြောင်း သိရှိရသည်။
လာမည့် မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ၂၀၁၆ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌရာထူးမှ အနားယူတော့မည့် ဦးလူမင်းအတွက် အဆိုပါပွဲဟာ သူ၏နှုတ်ဆက်ပွဲတစ်ပွဲလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
၁၉၅၂ ခုနှစ်က စတင်ကျင်းပခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားသည် ၂၀၁၇ ခုနှစ်တွင် (၆၅)ကြိမ်မြောက်ဖြစ်ပြီး ရွှေတိဂုံဘုရားနောက်ခံပြုကာ ပြည်သူ့ရင်ပြင်တွင် ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
 
Ref:မြစ်မခ


Follow us on