1. Home
  2. Myanmar News

သမိုင်းဘူတာရှိ လမ်းဘေးဈေးသည်များ ရှင်းလင်းရာတွင် တုတ်၊ဓါးများနှင့် ပြန်လည်ရန်ပြု

Myanmar News ก.พ. 15, 2560 view 1,539
သမိုင်းဘူတာရှိ ရထားသံလမ်းဘေးနှင့် ပလက်ဖောင်းများပေါ်တွင် ဈေးရောင်းချနေသော လမ်းဘေးဈေးသည်များအား မြန်မာမီးရထားမှ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းရာ လမ်းဘေးဈေးသည်များမှ တုတ်၊ ဓါးများနှင့် ဝိုင်းလာကြသည်အတွက် လက်လျှော့က နေရာပြန်ပေးခဲ့ကြရကြောင်း သိရှိရသည်။
 
မြန်မာ့မီးရထားမှ ဂျိုက်ကာနှင့် ပူပေါင်းကာ ရထားသံလမ်းများနှင့် အချက်ပြစနစ်တပ်ဆင်ခြင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်လျှက်ရှိပြီး မီးရထားများမှာ ယခင်ကထက် မြန်နှုန်းမြင့်လာမည်ဖြစ်သည့်အတွက်  ရထားလမ်းဘေး အနီးရှိလူများ အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုလို ပြန်လည် ရန်ပြုခံရခြင်း ဖြစ်ကြောင်း မြန်မာ့မီရထားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
ထို့ကြောင့် ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲရာတွင် ပြည်သူများအန္တရာယ်ကင်းရှင်းစေရန် အဆိုပါ လမ်းဘေးဈေးသည်များကို ရှင်းလင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
 
Ref:မြစ်မခ
 


Follow us on