1. Home
  2. Myanmar News

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၀ ရက် စတင်ထုတ်ယူနိုင်

Myanmar News ก.พ. 15, 2560 view 1,499

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေ ဆိုခွင့်ဝင်ခွင့်ကတ်ပြားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖေဖော်ဝါရီ ၂၀ ရက်ကစတင် ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ် ပြန်ထားသည်။ ၂၀၁၇-၁၈ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၁ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၃ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ ၁၆ ရက်တွင် ပထ၀ီဝင်နှင့် ၁၇ ရက်တွင် သမိုင်းဘာသာရပ်တို့ ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စာမေးပွဲအချိန်စာရင်းထုတ်ပြန်ထားသည်။

အခြေခံပညာအထက်တန်း ကျောင်း (ကျောင်းခွဲ)နှင့် (တွဲ ဖက်) အခြေခံပညာအထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်း သူများသည် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှလည်း ကောင်း၊ ပြင်ပမှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ် ရေးမှူးများထံမှလည်းကောင်း ထုတ်ယူရမည် ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်း သား၊ ကျောင်းသူ ခုနစ်သိန်း ခြောက်သောင်းကျော်ဝင်ရောက်ဖြေဆို မည်ဖြစ်သည်။ ၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ၌ ၀င်ရောက်ဖြေဆိုသူ ခြောက်သိန်းကျော်အနက် နှစ်သိန်းခန့်အောင်မြင်ခဲ့သည်။

Credit : 7daydaily



Follow us on