1. Home
  2. Myanmar News

မလေးရှားတွင် မြန်မာမိသားစုဝင် သုံးဦး သတ်ဖြတ်ခံရ

Myanmar News ก.พ. 15, 2560 view 1,507
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆီလန်ဂေါပြည်နယ်၌ မြန်မာမိသားစုဝင် ၃ ဦးကို ဖခင်အရင်းကိုယ်တိုင်က အသတ်ဖြတ်ခဲ့ပြီး ကိုယ်တိုင် အဆိပ်သောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
အသက် ၄၇ နှစ်အရွယ် အမျိုးသားက ၎င်း၏ ဇနီးနှင့် သားသမီး ၂ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများသည် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
 
ကျနော်တို့ကြားတဲ့ သတင်းအရဆိုရင် အဖေဖြစ်သူက ဆေးကြောင်ပြီး သတ်တာလို့ သိရတယ်၊ သူကိုယ် တိုင်လည်းပဲ အဆိပ် သောက်ထားတယ်၊ ဒီမနက်မှာတော့ အဖေဖြစ်သူလည်း ဆေးရုံမှာ ဆုံးသွားပါပြီ” ဟု ဦးဆန်းဝင်း က ပြောသည်။
 
အသတ်ခံရသည့် မိသားစုဝင်များ၏ အခြေအနေများအား စစ်ဆေးရာတွင် အခြား မသင်္ကာစရာ အနေအထား တစုံတရာ မတွေ့ရဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း၊ သေဆုံးသူများမှာ ချင်းတိုင်းရင်းသားများဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဒုက္ခသည်ခံယူထားသူများဖြစ်ကာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရုပ် အလောင်းများအား ဆေးရုံတွင် ထားရှိပြီးနောက် မိသားစုဝင်များနှင့် ညှိနှိုင်း၍ သဂြိုလ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
သံရုံး၏ ပထမ အတွင်းဝန် ဦးတင်ဝင်းအောင် က သေဆုံးသူများ၏ နာရေး ကိစ္စများအား ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးရန် စီစဉ်နေကြောင်းပြောသည်။​ေ
အဖေဖြစ်သူက စိတ်ဖောက်ပြန်ပြီး ကိုယ့်မိသားစု ကိုယ်ပြန်သတ်တာပါ၊ အခုမိသားစုဝင်တွေနဲ့ဆက် သွယ်နေပါတယ်၊ နာရေး ကိစ္စတွေကိုလည်းပဲ နာရေးအသင်းတွေနဲ့ ပေါင်းပြီးတော့ သံရုံးက ကူညီပေးဖို့ ဆောင်ရွက်နေ ပါတယ်” ဟု ဆိုသည်။
 
Ctrdit:ဧရာဝတီ


Follow us on