1. Home
  2. Special or Others

လတ်တလောမှာ ခေတ်စားလာတဲ့ ခေါင်းတရမ်းရမ်းနဲ့ ခရမ်းရောင်ငှက် စတစ်ကာ Trash Dove

Special or Others ก.พ. 15, 2560 view 1,631

– ဖေ့စ်ဘုတ်ပေါ်မှာ ခေတ်စားလာတဲ့ ခရမ်းရောင်ငှက်စတစ်ကာကို သတိထားမိပါသလား။ အာရှမှာခေတ်စားလာတဲ့ စတစ်ကာရုပ် Trash Dove ဟာ အမေရိကန်ကာတွန်းဆရာမ Syd Weiler ရဲ့လက်ရာ ကာတွန်းဇာတ်ကောင်လေးပါ။ ဖလော်ရီဒါအခြေစိုက် Weiler ဟာ ၂၀၁၆ စက်တင်ဘာလမှာ သည်ငှက်ကို ရေးဆွဲဖန်တီးခဲ့တာဖြစ်ပြီး ၂၀၁၇ မှာ ဖေ့စ်ဘုတ်စတစ်ကာအဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ Trash Dove ဟာ emoji အဖြစ်အသုံးပြုနိုင်တဲ့ ပုံစံအမျိုးမျိုး နဲ့ထွက်ရှိခဲ့ပြီး အခုတော့ ခေါင်းကိုမရပ်မနား အပေါ်အောက် ခါရမ်းပြတဲ့ငှက်ပုံစံက ခေတ်အစားဆုံးစတစ်ကာ ဖြစ်နေပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းမှာ ငှက်စတစ်ကာနဲ့ ကြောင်ရုပ်စတစ်ကာလေး တွဲကနေပုံ ဗီဒီယိုဖိုင် ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ဖေ့စ်ဘုတ်စာမျက်နှာမှာ ပေါ်ထွက်လာပြီးနောက် တစ်ပတ်အတွင်းမှာပဲ ကြည့်ရှုသူ ၄ သန်းရရှိလာပြီး ပရိသတ်အင်အားတောင့်လာခဲ့တာပါ။ Trash Dove ရဲ့လူသိများမှုကို ထိုင်းနိုင်ငံက သတင်းရုပ်သံလိုင်းတွေက

သတိထားပြီးနောက်မှာတော့ Weiler က ကျေးဇူးတင်ကြောင်းဗီဒီယိုတစ်ခု သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီစတစ်ကာတွေကို သဘောကျတယ်ဆိုလို့ တကယ်ကိုဝမ်းသာမိပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။

ဒါပေမယ့် လူတိုင်းတော့မကြိုက်ပါဘူး။ ခေါင်းတခါခါနဲ့သည်ငှက်ကို မြင်ရတာမျက်စိနောက်လာသူတွေက သည်စတစ်ကာကို အင်တာနက်မှာပိတ်ပင်ပေးဖို့ တောင်းဆိုမှုတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် သည်စတစ်ကာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာ အတိအကျမသိကြသေးပါဘူး။ ဘာမှန်းမသိတာ ကိုကပဲ ဒီလောက် ခေတ်စားလာစေတဲ့အကြောင်းရင်းလည်းဖြစ်နေနိုင်ပါတယ်။

Credit : kumudranews



Follow us on