1. Home
  2. Myanmar News

လာမည့်စာသင်နှစ်တွင် ရန်ကုန်မြို့တွင်း ကျောင်းကားစနစ် စတင်မည်

Myanmar News ก.พ. 16, 2560 view 1,592
ရန်ကုန်မြို့တွင်း ကားပိတ်ဆို့မှုများကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် လာမည့်နှစ်တွင် ကျောင်းကြို/ပို့ယာဉ် (ကျောင်းကား)စနစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ကိုယ်ပိုင်မော်တော်ယာဉ်များနှင့် ကျောင်းသာမိဘများက ကျောင်းတက်၊ ကျောင်းဆင်းနှင့် စာမေးပွဲဖြေဆိုသည့် ရက်များတွင် စာသင်ကျာင်းများရှေ့ ယာဉ်မရပ်ရနေရာ(ဖြူနီကြား)များ၌ မော်တော်ယာဉ်များ ပါကင်ထိုးကာ မိမိတို့၏ သားသမီးများကို စောင့်ဆိုင်းနေခြင်းများ ပြုလုပ်ကြသည့်အတွက် အများသူငှာ ရုံးဆင်း၊ ရုံးတက်ချိန်များတွင် ယာဉ်ကြောပိတ်ဆိုမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျှက်ရှိသည်။ 
 
အထူးသဖြင့် အလံပြဘုရားလမ်းပေါ်ရှိ အ.ထ.က (၁) ဒဂုံနှင့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အ.မ.က (၂) ဗဟန်း ကျောင်းရှေ့များတွင် ယာဉ်ကျော်ပိတ်ဆို့မှုများ အမြဲဖြစ်ပေါ်လေ့ရှိသည့်အတွက် ကျောင်းဆင်း၊ ကျောင်းတက်ချိန်များတွင် ယာဉ်ထိန်းရဲများက ယာဉ်ကြောရှင်းလင်းရေး၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ယူလျှက်ရှိတာကို မြင်တွေ့နေကြဖြစ်သည်။
 
 
ထို့ကြောင့် လာမည့်စာသင်နှစ်မှ စတင်ကာ စာသင်ကျောင်းများအတွက် ကျောင်းကားအစီအစဉ်သစ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
Ref:မြစ်မခ
 
 


Follow us on