1. Home
  2. Myanmar News

ကားစလစ်များ အတုလုပ်ရောင်းနေ၍ ကညနတွင် စစ်ဆေးနိုင်

Myanmar News ก.พ. 16, 2560 view 1,551

ယာဉ်အိုယာဉ်ဟောင်း အပ်ပြီး လဲလှယ်၍ရလာသည့် မော်တော်ယာဉ်တင်သွင်းခွင့် စ လစ်များကို အတုအပပြုလုပ်၍ ရောင်းချမှုများရှိနေသောကြောင့် ဌာနတွင် မှန်၊မမှန်လာရောက်စစ် ဆေးနိုင်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။ ၀ယ်ယူသူအနေဖြင့် စလစ် များကို သက်ဆိုင်ရာခရိုင် ကညန ရုံးများတွင် အချိန်မရွေးလာ ရောက်စစ်ဆေးနိုင်သည်ဟု ဆို သည်။ စလစ်မှန်၊ မမှန်ကို ယာဉ်အို ယာဉ်ဟောင်းအဖြစ် ကားလာ ရောက်အပ်နှံစဉ်နှင့် တိုက်ဆိုင်စစ် ဆေးမည်ဖြစ်ပြီးနောက်ပိုင်းတွင် အတုအပများ ပေါများနေခြင်းကြောင့် ပိုမိုဂရုစိုက်စေလိုကြောင်း ၎င်းက ပြောသည်။ ပြည်တွင်းကားဈေးကွက်အ တွင်း စလစ်အတုများဖြင့် ငွေ ကြေးလိမ်လည်မှုများမကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ကညန တွင် လာရောက်စစ်ဆေးပြီးမှ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုကို လုပ်ဆောင်သင့်ကြောင်း ကညနဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

စလစ်အတုရောင်းချသူများ ကို စစ်ဆေးတွေ့ရှိပါက တရားဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းတွင် တိုင်ကြားအမှုဖွင့်နိုင်ကြောင်း သိရသည်။ စလစ်ကပ် ယာဉ်များမှာ ၂၀၁၇ မော်တော်ယာဉ်မူဝါဒအ သစ်အရ တင်သွင်းသည့်အရေအ တွက် များပြားလာနိုင်သော ကြောင့် အတုအပပြုလုပ်သူများ အရေအတွက် များပြားလာနိုင်ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းချသူများက ဆိုသည်။ လက်ရှိ ပြည်တွင်းကားဈေး ကွက်တွင် စလစ်အမျိုးအစားပေါ် မူတည်ကာ ကျပ်သိန်း ၈၀မှသိန်း ၉၀ခန့်ရှိပြီး ဘတ်စ်ကားများကို လူစီးစလစ် ထုတ်ပေးနေသော ကြောင့် စလစ်ဈေး ဆက်တိုက် ကျဆင်းနေကြောင်း ပြည်တွင်း ကားဈေးကွက်မှ စုံစမ်းသိရသည်။

Credit : 7daydaily



Follow us on