1. Home
  2. Myanmar News

စာနယ်ဇင်းရှင်းလင်းပွဲတွင် ငွေကြေးရယူခဲ့သည့် သတင်းသမားများအား မြန်မာနိုင်ငံသတင်းမီဒီယာကွန်ယက်မှ ရှုံ့ချ

Myanmar News ก.พ. 17, 2560 view 1,414
ဖေဖော်ဝါရီလ (၉)ရက်နေ့က ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် မြန်မာအွန်လိုင်း ခရီရေးရှင်းကုမ္ပဏီက ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုတွင် သတင်းစာဆရာများ ငွေကြေးတောင်းခံခဲ့ကြောင်း သတင်းပြန်လည်ရရှိခဲ့သည့်အတွက် ငွေကြေးတောင်းခံခဲ့သည့် သတင်းသမားများအား မြန်မာနိုင်ငံသတင်းမီဒီယာကွန်ယက် (MJN) က ရှုံ့ချကြောင်း ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
 
ထုတ်ပြန်ချက်တွင် ပွဲစီစဉ်ပေးသူ အမျိုးသမီးတစ်ဦးက သူ့အတွက် ငွေကျပ် နှစ်သိန်းတောင်းခံခဲ့သလို တက်လောက်လာမည့် သတင်းသမားများအတွက် ငွေကျပ် တစ်သောင်းခွဲစီပေးရန် တောင်းခံခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့ သတင်းကိစ္စများနှင့် ပက်သက်၍ ငွေကြေး တံစိုးလက်ဆောင် တောင်းခံခြင်းသည် သတင်းမီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
 
စီးပွာားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကလည်း သတင်းကိစ္စ တစ်စုံတရာအတွက် သတင်းသမားများကို ငွေကြေးလက်ဆောင် တစ်စုံတရာမပေးရန် မြန်မာဂျာနယ်လစ်ကွန်ယက်က မေတ္တာရပ်ခံကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
 
Source:မြစ်မခ
 


Follow us on