1. Home
  2. Special or Others

တစ္ဆေသရဲ ဟန်ဆောင်ပြီး ကားများလမ်းချော်တိမ်းမှောက်အောင် ခြောက်လှန့်နေသူကို ဖမ်းဆီးရမိ

Special or Others ก.พ. 18, 2560 view 1,614
ဖေဖော်ဝါရီလ (၁)ရက်နေ့က နဂါးတွန့်တံခါးနှင့် မှော်ဇာလမ်းဆုံ အကြားတွင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့သော နေရာ၌ ညအချိန်များတွင် ဖြတ်သန်းသွားလာသော ကားများကို ခြောက်လှန့်မှုများ ရှိနေကြောင်း သတင်းများ ထွက်နေခဲ့သည်။
 
ညသန်းခေါင်ယံ ၁၁ နာရီနှင့် ၁၂ နာရီ အချိန်များတွင် အခင်းဖြစ်ပွားရာနေရာအနီး လမ်းဘေးတွင် မတ်တပ်ရပ်နေခြင်း၊ ထိုင်နေခြင်း အစရှိသဖြင့် ခြောက်လှန့်သည့်ပုံစံများ တွေ့ရသည်ဟု ပြောဆိုသံများ ထွက်နေပါသည်။
 
 
ထိုကဲ့သို့ သတင်းများ ဖြစ်ပေါ်နေသော နေရာသို့ ဖေဖော်ဝါရီ ၁၆ ရက် (ကြာသပတေးနေ့) ည ၁၂ နာရီ အချိန်ခန့်တွင် အမျိုးသား ၄ ဦး စီးနင်းလိုက်ပါလာသော ကားတစီး ဖြတ်သန်းသွားစဉ် ခြောက်လှန့်ခံခဲ့ရသဖြင့် ကားရပ်ခဲ့ပြီးနောက် လိုက်လံ စစ်ဆေးခဲ့ရာ လူတစ်ဦးမှ မျက်နှာတွင် ဆေးအနက်များခြယ်ကာ၊ အင်္ကျီအနက်ဝတ်၍၊ လွယ်အိတ်တစ်အိတ်လွယ်ကာ လမ်းသွား လမ်းလာ ခရီးသွား ယာဉ်များကို အရိပ်အယောင်ပြ၍ ခြောက်လှန့်လျက်ရှိခြင်းသာ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ သရဲအယောင်ဆောင်သူ၏ လက်ထဲမှ ဓားတစ်လက်လည်း သိမ်းဆည်းရမိခဲ့သည်။
 
သို့ဖြစ်၍ ခြောက်လှန့်မှုရှိနေခြင်းမှာ ကောလဟလ သာဖြစ်ပြီး အဆိုပါနေရာမှာ လူပြတ်သောနေရာဖြစ်သောကြောင့် မသမာသူများ၏ ခြောက်လှန့်နှောင့်ယှက်မှုကြောင့် ဆိုင်ကယ်/ ကား များ လမ်းချော်တိမ်းမှောက်ခဲ့ပါက လုယက်မှုအန္တရာယ် အလွန်များသဖြင့် ညပိုင်းတွင် သတိဝိရိယနှင့် သွားလာကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
 
Credit:AungKyaw


Follow us on