1. Home
  2. Special or Others

ကလေးမီးဖွားပြီးကာစ အမျိုးသမီးတစ်ဦး မြောက်ဥက္ကလာဆေးရုံပေါ်မှခုန်ချ

Special or Others ก.พ. 20, 2560 view 1,576
မြောက်ဥက္ကလာပဆေးရုံကြီး၌ ယနေ့နံနက် စောစောပိုင်းက ကလေးမီးဖွားပြီးကာစ အမျိုးသမီးတစ်ဦး ဆေးရုံပေါ်မှ ခုန်ချခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် အတွင်းသတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
 
အမျိုးသမီးမှာ ကလေးမီးဖွားပြီးကာစ ဖြစ်တတ်သော သားဆိပ်တက်ခြင်းကြောင့် စိတ်ဂယောက်ကယက်ဖြစ်ကာ ဆေးရုံပေါ်မှ ခုန်ချခဲ့တာ ဖြစ်နိုင်ကြောင်း ဆေးရုံဝန်းအတွင်းမှ အများစုက သုံးသပ်လျှက်ရှိကြသည်။ ခုန်ချခဲ့သူ အမျိုးသမီးမှာ သေးဆုံးခြင်း မရှိခဲ့သော်လည်း ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါဖြစ်စဉ်သတင်းနှင့်ပက်သက်၍ မြောက်ဥက္ကလာပနယ်မြေ ရဲစခန်းအား ဆက်သွယ်ခဲ့ရာတွင် မသိရှိရကြောင်း ဖြေကြားခဲ့ပြီး ခုန်ချခဲ့သူ အမျိုးသမီးအား အတွင်းကျိတ် ဆေးကုသမှုများ ပြုလုပ်လျှက်ရှိကြောင်း ဆေးရုံအသိုင်းအဝိုင်းမှ အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။
 
Source: မြောက်ဥက္ကလာပဆေးရုံအသိုင်းအဝိုင်း
 


Follow us on