1. Home
  2. Special or Others

Billboard မဂ္ဂဇင်းရဲ့ ကာဗာပုံကို iPhone 7 Plus နဲ့ ဒေါ်လာရာဂဏန်းသာသုံးစွဲပြီး ရိုက်ကူးခဲ့

Special or Others ก.พ. 20, 2560 view 1,565

Apple ရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ iPhone ကတော့ စွမ်းဆောင်ရည်အပေါ် သုံးစွဲသူတွေ သံသယမရှိအောင် ထပ်မံ ပြသသွားခဲ့ပြန်ပါပြီ။ ဒီလ (ဖေဖော်ဝါရီ) ၁၇ရက်နေ့ထုတ် Billboard မဂ္ဂဇင်းမှာ Cover အနေနဲ့ Fifth Harmony အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Camila Cabello ကို တင်ပြီး ရိုက်ကူးခဲ့ပါတယ်။ ဒါကတော့ အဆိုတော်တစ်ဦးကို သီချင်းမဂ္ဂဇင်းကာဗာမှာ တင်ထားတာမို့လို့ မထူးခြားပါဘူး။ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ဒီကာဗာပုံကို iPhone 7 Plus ရဲ့ Portrait Mode ကို အသုံးပြုပြီး ရိုက်ကူးခဲ့တာပါပဲ။ ဒါပေမယ့် သင့်ကို တစ်ယောက်ယောက်က မပြောရင် သိမှာတောင်မဟုတ်ပါဘူး။ အဲ့လောက်ထိ ရုပ်ထွက်က ကောင်းမွန်ပါတယ်။ ကာဗာကို Portrait ဓာတ်ပုံဆရာ တစ်ဦးဖြစ်တဲ့ Miller Mobley က ရိုက်ကူးပေးခဲ့တာပါ။ သူဟာဆိုရင် ဒီမတိုင်ခင်မှာလည်း Billboard အတွက် Taylor Swift, Jennifer Lawrence, Tom Hanks နဲ့ Ryan Gosling တို့လို Celebrity တွေကို ရိုက်ကူးပေးခဲ့ဖူးပါတယ်။ ဒီလို ကာဗာကို iPhone 7 Plus ရဲ့ Portrait Mode နဲ့ ရိုက်ကူးလိုတဲ့ ပရောဂျက်အတွက် အကြံဥာဏ်ဟာ Billboard ရဲ့ အကြံဥာဏ်တစ်ရပ်ပဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

“ဓာတ်ပုံအယ်ဒီတာတွေက မင်းနောက်ထွက်မယ့် ကာဗာကို iPhone 7 Plus နဲ့ ရိုက်ပေးနိုင်မလား လို့မေးပါတယ်၊ ကျွန်တော်အရင်တုန်းက တစ်ခါမှာ Professional ပိုင်းမှာ iPhone ကိုသုံးပြီး မရိုက်ဖူးပါဘူး၊ ဒါကလည်း တော်တော်မိုက်တဲ့ idea ပါ၊ ” လို့ Mobley က Mashable ကို ပြောပါတယ်။

ကာဗာရိုက်ကူးမှုတွေအတွက် Mobley ဟာ Mamiya 645DF+ နဲ့ Canon 5D Mark lll တို့လို အလွန်ဈေးကြီးတဲ့ Professional ကင်မရာတွေ၊ Tripods တွေနဲ့ ရှုပ်ထွေးတဲ့ အလင်းအမှောင်စနစ်တွေ ကိုသာ အသုံးပြုပြီး ဒေါ်လာ ထောင်ပေါင်းများစွာ အကုန်အကျခံပြီး ရိုက်ကူးခဲ့တာပါ။ 645DF+ ဟာဆိုရင် သူနဲ့ တွဲဖက်အသုံးပြုတဲ့ 80-mm Lens တစ်ခုထဲတောင် ဒေါ်လာ ၅၀၀၀လောက် ဈေးရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ယခု iPhone 7 Plus နဲ့ ဒေါ်လာ ၇၇၀ သာ ကုန်ပြီး ရိုက်ကူးခဲ့တဲ့ ရိုက်ကူးမှုနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အလင်းနည်းနည်းနဲ့ ရိုက်ထားတဲ့ အနေအထားမှာတောင် ပုံက လုံးဝအသက်ဝင်နေပါတယ်။

အဲ့ဒီအပြင် Billboard က iPhone နဲ့ ရိုက်နေတဲ့ ပုံအတွက် Behind the Scene ပုံတစ်ပုံကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။iPhone 7 Plus ဟာ Dual-Lens ကင်မရာပါဝင်တဲ့ Apple ရဲ့ ပထမဆုံး ပစ္စည်းဖြစ်ပြီး ၄င်းဟာ သူ့ရဲ့ Special Portrait mode ကိုလည်း Enables လုပ်လို့ရနိုင်ပါသေးတယ်။ ဘက်ဂရောင်းနဲ့ နောက်ပိုင်းတွေ Blur လုပ်နိုင်တဲ့ ဒေတာတွေကို Lenses နှစ်ခုလုံးက ရယူလက်ခံတာဖြစ်ပြီး Subject နဲ့ ခွဲခြားပြီးလက်ခံပေးတာပါ။ ဒါကြောင့် Apple ရဲ့ iPhone 7 Plus ရဲ့ ကင်မရာဟာ ဘယ်လောက် ကောင်းမွန်တယ်ဆိုတာကို အားလုံးက သိသာသွားစေနိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

Credit ; akhayar



Follow us on