ရုရှားကျွမ်းဘားသမားတစ်ဦးဖြစ်သူ အလက်ဇန်ဒါး ချာနီကိုက အမြင့်ပေ ၁၀၀ ရှိတဲ့ တိုက်ခေါင်မိုး တစ်ခုပေါ်ကနေ ခန္ဓာကိုယ်ကို ကိုယ်တိုင်မီးရှို့ကာ ခုန်ချပြသည့် စတန်ပြကွက်တစ်ခုကို ကြိုတင်ပြင်ဆင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူ့၏ အပေါင်းအသင်းများ၏ အကူအညီနှင့် အဆိုပါ စတန့်ပြကွက်ကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ပြီးနောက် ကွန်လိုင်းပေါ် တင်ခဲ့ရာ ကြည့်ရှုသူများပြားသော ဗီဒီယိုတစ်ခု ဖြစ်နေသည်။ မည်သည့် အကာအကွယ်မှ မပါပဲ တိုက်ခေါင်မိုးပေါ်မှ အောက်ရှိ ဆီးနှင်းပုံထဲသို့ အလွတ်ခုန်ချခဲ့ခြင်းဖြစ်ပြီး အောက်ရောက်သည့်အခါ အသက်အန္တရာယ် မထိခိုက်ခဲ့သော်လည်း မီးလောင်ဒဏ်ရာနှင့် အသေးစားဒဏ်ရာများ ရရှိခဲ့သည်။