1. Home
  2. Special or Others

ဆင်ဆာမပါပဲ မျက်နှာပြင်ကနေ တိုက်ရိုက်ဖတ်မယ့် Fingerprint စနစ်ကို Apple တီထွင်

Special or Others ก.พ. 20, 2560 view 1,559

Apple အနေနဲ့ သူတို့ရဲ့ မူပိုင်ခွင့်တစ်ခုအတိုင်း နောက်ထွက်မယ့် iPhone ကို ထုတ်လုပ်မယ်ဆိုရင် ဖုန်းသစ်မှာ Fingerprint ကို ဖတ်ဖို့အတွက် နှစ်မြုတ်ထားတဲ့ ဆင်ဆာတစ်ခုပါဝင်လာဖွယ်ရှိနေပါတယ်။ Apple တင်ခဲ့တဲ့ မူပိုင်ခွင့်အသစ်ကို ဒီနေ့မှာပဲ အမေရိကန်မူပိုင်ခွင့်နဲ့ အမှတ်သင်္ကေတရုံးကနေ

“interactive display with IR diodes” လို့ အသေးစိတ်အချက်အလက်တွေနဲ့ ထုတ်ပြန်ခဲ့တာပါ။ ဒါဟာဆိုရင် Apple ရဲ့ ပစ္စည်းတွေကို မျက်နှာပြင်ကနေတစ်ဆင့် Fingerprint ကို တိုက်ရိုက်ဖတ်နိုင်ဖို့အတွက် ခွင့်ပြုပေးဖို့ ရှိနေတာလည်း ဖြစ်တဲ့အပြင် Home Button နေရာမှာ နှစ်မြုတ် Fingerprint Reader ကို ထည့်သွင်းနိုင်ဖို့လည်း ရှိနေတာပါ။

Apple ကတော့ နောက်ထွက်မယ့် iPhone မှာ ဒီနည်းပညာနဲ့ လုပ်ဆောင်ချက်ပါဝင်ဖို့ကိုတော့ မပြောရသေးပါဘူး Apple Indider ရဲ့ ထုတ်ဖော်ချက်တစ်ခုအရ ဒီမူပိုင်ခွင့်အသစ်ဟာ အလင်းကို ကာကွယ်ပြီး မျက်နှာပြင်အတွင်းကနေ Fingerprint ကိုလှမ်းဖတ်တာမယ့် နည်းပညာကို ယူဆောင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီနည်းပညာကတော့ အနီအောက်ရောင်ခြည်ပါဝင်တဲ့ LED တွေဟာ RGB LED တွေရဲ့ ဘေးနားမှာ ထည့်သွင်းပြီး မျက်နှာပြင်ကနေ Fingerprint ကိုဖတ်ဖို့ ထောက်ပံ့ပေးနိုင်မှာပါ။

ဒီ IR LED (အနီအောက်ရောင်ခြည် LED) တွေဟာ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ပါဝင်လာတာဖြစ်ပြီး RGB LED တွေနဲ့ ပေါင်းစပ်ထားမှာပါ။ သူတို့ဟာ Subpixel မျက်နှာပြင်ကို ဖန်တီးပေးမှာ ဖြစ်လို့ တခြားများပြားတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်စေနိုင်မှာပါ။ Apple က ဒီ Subpixel တပ်ဆင်မှုကို “Interactive Pixel” လို့ ခေါ်ထားတာပါ။ ဒါပေမယ့် Apple ဟာ မျက်နှာပြင်မှာ ပိုမိုကြီးမားတဲ့ နေရာလွတ်တွေ ဖန်တီးနိုင်ဖို့ iPhone တွေရဲ့ မျက်နှာပြင်မှာ ပါဝင်တဲ့ အလင်းဆင်ဆာ တစ်ခုကို ဖြုတ်သွားဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

Credit : akhayar



Follow us on