1. Home
  2. Myanmar News

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော တက္ကစီအရေအတွက် ထက်ဝက်ခန့်လျှော့ချမည်

Myanmar News ก.พ. 21, 2560 view 1,464
ရန်ကုန်မြို့တွင် နိစ္စဓူဝ ရင်ဆိုင်ကြုံတွေနေရသော ယာဉ်ကြောပိတ်ဆို့မှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် တက္ကစီအငှားယာဉ် ထက်ဝက်ခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါနမှ သိရှိရသည်။
 
လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်စုစုပေါင်း ၆၆,၀၀၀ ကျော်ရှိနေပြီး အုပ်စုအားဖြင့် နှစ်မျိုးခွဲခြားထားကြောင်း သိရှိရသည်။ AA၊ BB၊ CC တို့ကဲ့သို့ အမြဲတမ်းအငှားယာဉ်များနှင့် အိမ်စီးကား နံပါတ်အနက်များမှ ပြောင်းလာသော အငှားယာဉ်ဟူ၍ ခွဲခြားထားသည်။ 
AA၊ BB၊ CC တို့ကဲ့သို့ အငှားယာဉ်အရေအတွက်မှာ သုံးသောင်းကျော် လေးသောင်းနီးပါးရှိပြီး နံပါတ်အနက်မှ အနီပြောင်းထားသော ကားအရေအတွက်မှာ ၂၇,၀၀၀ ကျော်ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါနမှ သိရှိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအနေနှင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် အငှားယာဉ် ထက်ဝက်ကျော်ကို လျှော့ချရန် စီစဉ်နေခြင်းဖြစ်သည်။
 
ရန်ကုန်မြို့မှာ အငှားယာဉ်တွေကို လျှော့ချလိုက်ရင် ကားလမ်းတွေပိုရှင်းပြီး ကောင်းလာမယ်လို့ ထင်ပါတယ်။ ခုဆိုရင် ဘယ်နေရာသွားသွား ယာဉ်ကြောပိတ်ဆို့နေတော့ အငှားလိုက်ရတာ အဆင်မပြေဘူး။ ကားလမ်းကြောင်း ရှင်းသွားမယ်ဆိုရင် ၂၀၀၀ တန်တဲ့လမ်းကို ၁၅၀၀ လောက်နဲ့ လျှော့လိုက်လို့ရတာပေါ့။ အခုလမ်းတွေက ကျပ်နေတော့ ဆီဖိုးရော အချိန်ပါချိန်ပြီးတော့ လမ်းကြောင်းရွေးလိုက်နေရတယ်” ဟု အငှားယာဉ်မောင်း ကိုအောင်မင်းက ပြောသည်။
 
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်အရေအတွက် ၆၆,၀၀၀ ကျော်ရှိသည်မှာ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါန စားရင်းများအရမှန်ကန်သော်လည်း မြို့တွင်းတွင် အမှန်တစ်ကယ်ပြေးဆွဲနေသော အငှားယာဉ်များတွင် နယ်လိုင်စင်ကားများပါရှိနေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပေါ်လျှက်ရှိပြီး အများစုမှာ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးလိုင်စင်နှင့် ယာဉ်များ အများဆုံး တွေ့ရှိနေရသည်။
လက်ရှိရန်ကုန်မြို့တွင်းလမ်းမပေါ်တွင် သွားလာနေသော ကား ၁၀ စီးတွင် အငှားယာဉ်တက္ကစီက ၇ စီးဝန်းကျင်ထိ များပြားလျှက်ရှိကြောင်း သိရှိရသည်။
 
source:myanmaralin


Follow us on