1. Home
  2. Myanmar News

YBS ဘတ်စ်ကားများကို စောင့်ကြည့်ညွှန်ကြားရန် ထိန်းချုပ်ရေးစင်တာ အသင့်ဖြစ်ပြီ

Myanmar News ก.พ. 21, 2560 view 1,475
အများပိုင်ဘတ်စ်ကားစနစ်တွင် မောင်းနှင်နေကြသော ဘတ်စ်ကားများကို စောင့်ကြည့်ထိန်းချုပ်ရန်အတွက် ဘတ်စ်အော်ပရေတာအဖွဲ့ (Bus Operator Team)ကို ယခင် လွှတ်တော်အဆောက်အဦ ရှေ့ရှိ ပြည်သူ့ရင်ပြင်ထဲတွင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။
 
ဘတ်စ်အော်ပရေတာအဖွဲ့ကို ဂျီပီအက်စနစ်နှင့် ချိပ်ဆက်ထားပြီး ပြည်သူ့ရင်ပြင်ရှိ ယာဉ်လမ်းကြောင်းထိန်းချုပ်ရေးစင်တာအနီးတွင် ထပ်မံဖွင့်လှစ်ထားခြင်းဖြစ်သည်။ အဆိုပါစင်တာမှနေ၍ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားများအားလုံးကို ဂျီပီအက်စ်စနစ်နဲ့ ဘတ်စ်အော်ပရေတာအဖွဲ့က ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
 
လက်ရှိတွင် တစ်ရက်ကို ဘတ်စ်ကားအစီးရေ ၃၀ ခန့် ဂျီပီအက်စ်စနစ်တပ်ဆင်ရန် ညွှန်ကြားထားပြီး ဂျီပီအက်စ်တပ်ဆင်ထားသော ဘတ်စ်ကားများ၏ ယာဉ်လမ်းကြောင်းနှင့် လှုပ်ရှားမှုများအားလုံးကို အဆိုပါထိန်းချုပ်စင်တာမှ သိရှိနိုင်မည်ဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရက YBS ယာဉ်ပြေးဆွဲမည့် လမ်းမများကို အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အားလုံးပြီးစီးအောင် လုပ်ဆောင်သွာမည်ဖြစ်သလို အဆင့်မြင့်ဘတ်စ်ကားမှတ်တိုင် ၂၅၀ ခန့် ဆောက်လုပ်ရန်အတွက်လည်း တင်ဒါခေါ်ယူားကြောင်း သတင်းရရှိသည်။
 
Ref:မြစ်မခ
 


Follow us on