1. Home
  2. Special or Others

စပါယ်ရှယ် အတွင်းခံနှင့် အလစ်သုတ်သူ အမျိုးသမီး

Special or Others ก.พ. 21, 2560 view 1,859
စတိုးဆိုင်မှ ပစ္စည်းအလစ်သုတ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိစဉ် စစ်ဆေးခဲ့သော ဗီဒီယိုကို အများပြည်သူ ကြည့်ရှုစေရန် ဝေမျှခဲ့ခြင်းဖြင့် ထိုအမျိုးသမီး အရှက်ရအောင် အပြစ်ပေးခဲ့ပါတယ်။
 
ဇင်ဘာဘွေနိုင်ငံက စတိုးဆိုင် တစ်ဆိုင်တွင် အဝတ်အထည်များကို အထူးပြုလုပ်ထားသည့် အတွင်းခံအတွင်းသို့ ထည့်ကာ တိုလျှိုခဲ့သည့် အမျိုးသမီးတစ်ဦးကို ဆိုင်ဝန်ထမ်းများက တွေ့ရှိခဲ့ပြီးနောက် လူအများရှေ့တွင် ပစ္စည်းများကို ဝှက်ထားသည့် နေရာမှ ပြန်လည်ထုတ်ယူခဲ့ခြင်းဖြစ်သည်။
 
လက်ပြတ်အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီးသည် အိတ်ပုံစံဖြစ်အောင် အရှေ့ဖက်မှ ပေါက်ဖေက်ထားသည့် အတွင်းခံအပိုတစ်ခုကို ထပ်ဝတ်ခဲ့ပြီးနောက် ဆိုင်မှအဝတ်အစားများကို သူမ၏ အတွင်းခံထဲသို့ သွပ်သွင်းခိုးယူခဲ့ခြင်းဖြစ်သည်။ 
သူမကို ဖမ်းမိချိန်တွင် အေးဆေးစွာအဖမ်းခံလျှက် ဖုန်းပင်ပြောနေသေးသည်။ ဆိုင်ဝန်ထမ်းက ခိုးယူထားသော အဝတ်အစားများကို သူမ၏ ပေါင်ကြားထဲလက်နှိုက်၍ တစ်ထည်ပြီးတစ်ထည် ပြန်ဆွဲထုတ်ခဲ့သည်ကိုပင် မျက်နှာပြောင်ပြောင်ဖြင့် မမှုခဲ့ပုံကို  ဗီဒီယိုတွင် တွေ့မြင်ခဲ့ရသည်။  
 


Follow us on