1. Home
  2. Special or Others

Nvidia ဂရပ်ဖစ်ကဒ် ပိုကောင်းကြောင်း ငြင်းခုန်မိလို့ အသတ်ခံခဲ့ရသူ

Special or Others ก.พ. 21, 2560 view 1,620
ကွန်ပျူတာဂိမ်း ကစားခြင်းကို စွဲလန်းတဲ့ သူငယ်ချင်းနှစ်ယောက် ကွန်ပျူတာ ဂရပ်ဖစ်ကဒ် အကြောင်း ငြင်းခုံရာမှ လူသတ်မှုဖြစ်ပြီး မီးရှို့အစဖျောက်ခံခဲ့ရတဲ့ အဖြစ်ပျက်တစ်ခု ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
 
 
အသက် ၃၇ နှစ်အရွယ် ယက်ဂနေ လီလင်အား သတ်ဖြတ်ခဲ့မှုအတွက် အသက် ၃၁ နှစ်အရွယ် အလက်ဇန်းဒါး ထရိုဖီမူ ဆိုသူအား ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 
 
ဖြစ်စဉ်မှာ ထရိုဖီမူက လီလင်ဆီသို့ အလည်အပတ်သွားခဲ့ပြီးနောက် ကွန်ပျူတာဂိမ်း နှစ်ခြိုက်သူများပီပီ ဂိမ်းကစားရာတွင် အရေးပါလှသည့် ဂရပ်ဖစ်ကဒ်အကြောင်းကို စကားစမိရာ လီလင်က Nvidia ဂရပ်ဖစ်ကဒ်က အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုခဲ့ရာ ထရိုဖီမူက လက်မခံပဲ AMD သာအကောင်းဆုံးဖြစ်ကြောင်း ငြင်းခုံခဲ့ကြသည်။
 
ထိုနေ့ညတွင် နှစ်ဦးစလုံးမှာ အရက်သောက်ထားသဖြင့် အရှိန်တက်နေချိန်ဖြစ်ကာ လီလင်က Nvidia GeForce က အားလုံးထက်ပိုကောင်းကြောင်း ပြောနေသည်ကို သီးမခံနိုင်သည့်အဆုံး ထရိုဖီမူက ဓါးကိုဆွဲယူ၍ ဦးခေါင်းကို နှစ်ချက်တိတိ ထိုးခဲ့သည်၊ အဲသည်နောက် ဖန္ဓာကိုယ်အနှံ့အပြားသို့ ၁၁ ချက် ထပ်ထိုးခဲ့ရာ လီလင်မှာ သေဆုံးသွားခဲ့သည်။ ထို့နောက် ထရိုဖီမူ အလောင်းကို မီးရှို့ကာ ဖျောက်ဖျက်ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါပြစ်မှုအတွက် တရားခံ ဖြစ်သူ ထရိုဖီမူအား ထောင်ဒဏ် ၉ နှစ်ခွဲကျခံစေရန် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
 


Follow us on