1. Home
  2. Myanmar News

ကွမ်းယာဖိုး ၂၀၀ ကျပ်တောင်းရာမှ အချင်းများပြီး ကိုယ်ဝန်ဆောင်ဇနီးအား ဓါးနဲ့ထိုးသတ်

Myanmar News ก.พ. 22, 2560 view 1,586
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကင်းဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ရွာမှာ ကွမ်းဖိုး ၂၀၀ ကျပ် တောင်းရာကနေ လင်မယားချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့လို့ ကိုယ်ဝန်ဆောင်ဇနီး ဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
 
“ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညသန်းခေါင်လောက်မှာ တရားခံဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ရဲဝင်း (ခ) ရဲကို ကို ရွာထဲကနာရေးကနေ အပေါင်းအသင်းတွေနဲ့ သောက်စားမူးယစ်ကာ နေအိမ် ပြန်ရောက်လာပြီး ပြီးခဲ့တဲ့ ၅ ရက်လောက်ကမှ ယူထားတဲ့ အသက် ၁၉ နှစ်အရွယ် ဇနီးသည် မယဉ်မင်းထက်ဆီက ကွမ်းယာဖိုးနှစ်ရာတောင်းတယ်၊ မရတော့ စကားများ ရန်ဖြစ်တယ်။ မိန်းမလုပ်တဲ့သူက အနားမှာရှိတဲ့ ဝါးလုံးနဲ့ရိုက်တော့ ရဲဝင်း(ခ)ရဲကိုက အတင်းဝင်လုံးပြီး အသင့်ပါလာတဲ့ အရိုးသွား ၁၀ လက်မလာက်ရှိတဲ့ ဓားနဲ့ လေးငါးချက်လောက်ထိုးလို့ သေဆုံး သွားတာဖြစ်ပြီး၊ သေဆုံးသူမယဉ်မင်းထက်မှာ အရင်အိမ်ထောင်နဲ့ရရှိထားတဲ့ ၆ လ လောက်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ကိုလည်း လွယ်ထားသူဖြစ်တယ်” လို့ တောင်ငူ အမှတ်(၂) နယ်မြေ ရဲစခန်းမှူးက ပြောပါတယ်။
 
တရားခံဖြစ်သူ ရဲကို (ခ) ရဲဝင်းသူကို အခင်းဖြစ်ပွားပြီး မနက်ပိုင်းမှာ အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု မကျီးပင်စုကျေးရွာရှိ ဦးကျော်ဝင်းဆိုင်မှာ အရက်သောက်နေစဉ် ဖမ်းဆီးရမိပြီး တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းက (ပ)၁၇၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 
Credit:DVB


Follow us on