1. Home
  2. Special or Others

ဖုန်းမှားခေါ်ဆိုမိပြီး နောက်ဆုံးမှာ အသက် ၈၂ နှစ်အဖွားအိုကို လက်ထပ်ဖြစ်သွားတဲ့ အသက် ၂၈ နှစ်လူငယ်

Special or Others ก.พ. 22, 2560 view 2,745
အင်ဒိုနီးရှားနိုင်ငံမှ အသက် ၈၂ နှစ်အရွယ် အဖွားအိုနှင့် အသက် ၂၈ နှစ်အရွယ် လူငယ်တို့ဟာ ထူးဆန်းစွာ ဖူးစာကံဆုံခဲ့ပြီးနောက်မှာတော့ ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ဖြစ်သွားခဲ့ပါတယ်။
 
 
ဝပ်ရှော့ဝန်ထမ်းတစ်ဦးဖြစ်သူ ဆိုဖိန်က သူ့ဆီမှားဝင်လာတဲ့ ဖုန်းတစ်ခုကို လက်ခံစကားပြောမိရာက တစ်ဖက်က အမျိုးသမီးနဲ့ ခင်မင်ခဲ့ပြီးနောက် တစ်နှစ်လောက် မပြတ်တမ်း ဆက်သွယ်နေခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးပဲနဲ့ ဖုန်းထဲမှာတင် ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။
 
 
တစ်နှစ်လောက်အကြာမှာတော့ သူ့ရဲ့ မမြင်ဖူးသေးတဲ့ ချစ်သူ “မာသာ” ကိုတွေ့ဖို့ ၇၅ မိုင်ခရီးကို ထွက်လာခဲ့ပါတယ်။ “မာသာ” ကို သူပထမဦးဆုံး စတွေ့ခဲ့ချိန်မှာ အံ့သြလွန်းလို့ ကြက်သေ သေသွားမိပါတယ်။ သူဟာ “မာသာ” နဲ့ တစ်ချိန်လုံး ဆက်သွယ် စကားပြောခဲ့ပေမယ့် သူမရဲ့ အသက်အရွယ်ကို မမေးမိခဲ့ပါဘူး။
 
အခုတွေ့လိုက်လိုက်ရတဲ့အခါမှာ သူရဲ့ ချစ်သူက သူ့ထက် အသက် ၅၄ နှစ်ကြီးတဲ့ အဖွားအိုတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးကြားက သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာက သူတို့နှစ်ဦး လက်ထပ်ဖို့အထိကို ခိုင်မြဲခဲ့ပါတယ်။
 
 
“မာသာ” ရဲ့ ခင်ပွန်းသည်က လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကထဲက ဆုံးပါးသွားပြီဖြစ်သလို သားသမီးများကလည်း နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်သူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်ဖက်ဆွေမျိုးများ ကြားမှာပဲ လက်ထပ်ပွဲ ဆင်နွှဲခဲ့ပါတယ်။
 
အသက် ၆၀ နှစ်အရွယ် ဆိုဖိန်၏ မိခင်ဖြစ်သူကတော့ သူ့သားယူမယ့် ဇနီးဟာ အခုလို အဖွားအိုတစ်ဦး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ အရမ်းအံ့သြမိရုံက လွဲရင် ဘာများလုပ်နိုင်ဦးမှာလဲ လို့ဆိုပါတယ်။
သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင်ရှိတာကို တွေ့ရလို့ ဝမ်းသာပါတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 


Follow us on