1. Home
  2. Myanmar News

စည်ကမ်းမဲ့ အဆောက်အဦ ဆောက်လုပ်မှုများကို ဒဏ်ကြေးငွေ ၇၅ ဆ တိုးမြှင့်မည်

Myanmar News ก.พ. 23, 2560 view 1,468
၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်မှ စတင်၍ စည်းကမ်းမဲ့ အဆောက်အဦ ဆောက်လုပ်ခြင်းများကို ဒဏ်ကြေးငွေ ၇၅ ဆထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပြောကြားလိုက်သည်။
 
အဆောက်အဦများ ဆောက်လုပ်ရာတွင် စည်ပင်ကတရားဝင်ခွင့်ပြုချက်မရပဲ ဆောက်လုပ်ခြင်း၊ ခွင့်ပြုထားသည့် အထပ်မြင့်အရေအတွက်ထက် ကျော်လွန်ဆောက်လုပ်ခြင်း၊ ခွင့်ပြုထားသည်ထက် ကျော်လွန်ဆောက်လုပ်ခြင်းများကို ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရှိရသည်။
 
လက်ရှိတွင် ခွင့်ပြုချက်ထက် ကျော်လွန်ဆာက်လုပ်မှုများကို စည်ပင်အခွန်ဌါနမှ တစ်စတုရန်းပေလျှင် ၂၀၀ ကျပ်သာ ဒဏ်ရိုက်ခဲ့သော်လည်း လာမည့်ဧပြီလ (၁)ရက်နေ့မှ စတင်ကာ ဒဏ်ကြေးကို တစ်စတုရန်းပေလျှင် ၁၅,၀၀၀ ကျပ်ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
၂၀၁၆-၂၀၁၇ ခုနှစ်တွင် စည်ကမ်းလိုက်နာခြင်းမရှိသော အဆောက်အဦဆောက်လုပ်မှု ၂၂၂ ခုရှိခဲ့ပြီး ဒဏ်ကြေးငွေ ၇၂၅ သိန်းကျပ် ကောက်ခံရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
 
Source:မြစ်မခ
 
 

 



Follow us on