1. Home
  2. Special or Others

ဈေးသက်သာပြီး စတိုင်ကျတဲ့ အိမ်တွင်းဖြစ် လျှပ်စစ်ကား တရုပ်တီထွင်

Special or Others ก.พ. 23, 2560 view 1,617
တရုပ်နိုင်ငံ ဟန်နန်ဒေသ ကျန်ကျိုးမြို့မှ ဂေါင်လိန်ယွန်ဆိုသူ အမျိုးသားက သူရဲ့ ကလေးတွေကို ကိုယ်တိုင်တီထွင်ထားတဲ့ ပြိုင်ကားပုံစံ လျှပ်စစ်မော်တော်ကား နှစ်စီးနဲ့ မိသားစုလိုက် အတူတူ ကျောင်းလိုက်ပို့နေတာကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က လမ်းပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။
 
 
 
သေသေသပ်သပ် ပုံစံနဲ့ တည်ဆောက်ထားတဲ့ လျှပ်စစ်ကားအသေးစားဟာ တစ်နာရီကို ၄၀ ကီလိုမီတာအမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး တရုပ်ငွေ ၅,၀၀၀ ယွမ် (ကျပ်ဆယ်သိန်းနီးပါး) သာကုန်ကျတယ်လို့ ဂေါင်က ဆိုပါတယ်။ 
 
သူ့ရဲ့တီထွင်မှု လုပ်ငန်းအတွက်လည်း မူပိုင်ခွင့်လိုင်စင် ရယူထားပြီးဖြစ်ပါတယ်။
 
 
ဒီကားတွေကို သူ့ရဲ့ အိမ်တွင်းမှု တွင်ခုံမှာပဲ တည်ဆောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
 
 
 
ဒါပေမယ့် အသက်အန္တရာယ် လုံခြုံရေးအရဆိုရင် ဒီလိုကားတွေ လမ်းပေါ်မှာ မောင်းနှင်ခွင့်မရှိဘူးလို့ ဒေသခံရဲက ပြောကြားခဲ့သည်။
 

 



Follow us on