တရုပ်ပြည် ခွန်မင်းမှာရှိတဲ့ ဘတ်စ်ကားကုမ္ပဏီက ငွေရေတွက်တဲ့ အလုပ်သမလေးများဟာ အသေးစိတ်ကအစ မလွဲမှားရအောင် အရမ်းကို ဂရုစိုက်ကြရပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့နေနေသာသာ လွဲမှားမှု မရှိအောင် သူတို့ရဲ့ ပိုက်ဆံရေတွက်တဲ့ အလုပ်ထဲမှာပဲ အာရုံမပြတ် စိုက်ထားကြရပါတယ်။
ဒါဇင်နဲ့ချီတဲ့ အမျိုးသမီး ဝန်ထမ်းတွေဟာ ပိုက်ဆံတွေကို ရေတွက်မယ်၊ တွန့်ကြေနေတဲ့ ငွေစက္ကူတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စနစ်တကျ ပြန်လုပ်မယ် စတဲ့ စူစူးစိုက်စိုက် လုပ်ရတဲ့ အလုပ်ဟာ နေ့တိုင်းလုပ်နေရတဲ့ ပုံမှန်အလုပ်ပဲဖြစ်ပါတယ်။
ဒါဟာ ဘတ်စကားလိုင်းတစ်ခုရဲ့ ခရီးသည်တွေဆီကရတဲ့ နေ့စဉ်ဝင်ငွေတွေဖြစ်ပြီး တရက်ကို ယွမ်ငွေ ၁၀ သန်းကျော်လောက် ဝင်ငွေရှိလို့ ပိုက်ဆံရေတွက်တဲ့ အမျိုးသမီးဝန်ထမ်းများဟာ ခေါင်းမဖေါ်နိုင်အောင် ဖြစ်ရရှာပါတယ်။
တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပြီးသွားတဲ့အခါမှာတော့ ပိုက်ဆံအစည်းတွေကို စုပေါင်းပြီး အိပ်ကြီးတစ်လုံးထဲထည့်ကာ ကုမ္ပဏီက သိမ်းယူဖို့ အသင့်ဖြစ်ပါပြီ။ တရုပ်နိုင်ငံဟာ လူဦးရေထူထပ်တဲ့အလျှောက် နေ့စဉ်သွားလာသူတွေဟာ များပြားတာကြောင့် ဘတ်စ်ကား ကုမ္ပဏီတွေရဲ့ ဝင်ငွေဟာ နေ့စဉ် သန်းနဲ့ချီပြီး ရှိနေပါတယ်။
ရန်ကုန်မြို့ရဲ့ YBS စနစ်ဟာလည်း အနာဂါတ်မှာ ဒီလိုနေ့စဉ် သန်းနဲ့ချီ ဝင်ငွေရလာမယ့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။