1. Home
  2. Special or Others

မွေးရာပါ လက်နှစ်ဖက်မပါသူ စက္ကန့် ၆၀ အတွင်း ဖယောင်းတိုင် ၁၁ တိုင်ကို မီးခြစ်ဆံနှင့် မီးညှိပြီး ဂရင်းနစ်စံချိန်သစ်တင်

Special or Others ก.พ. 23, 2560 view 1,558
အသက် ၃၉ နှစ်အရွယ် မက္ကစီကို အမျိုးသမီးတစ်ဦးဖြစ်သူ Adriana Irene Macias Hernandez ဟာ မွေးရာပါ လက်နှစ်ဖက်စလုံး မပါခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ အကျိုးဆောင် ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။ 
စာရေးခြင်း၊ ချက်ပြုတ်ခြင်း၊ အလှပြင်ခြင်း စတဲ့ သူမရဲ့ နေ့စဉ်ဝေယျာဝစ္စအလုပ်တွေကို ခြေထောက် နှစ်ဖက်လုံးနဲ့သာ လုပ်ကိုင်ခဲ့ရပါတယ်။ (ဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်)
 
သူမဟာ ခြေထောက်နှစ်ဖက်ကို အသုံးပြုပြီး မီးခြစ်ဆံနဲ့ မီးခြစ်ဗူး သုံးကာ မွေးနေ့ကိတ်ပေါ်က ဖယောင်တိုင် ၁၁ တိုင်ကို စက္ကန့် ၆၀ အတွင်း မီးညှိနိုင်ခဲ့လို့ အခုဆိုရင် ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ စာရင်းဝင်သးတစ်ယောက်ဖြစ်ခဲ့ပါပြီ။
ယခင်က Ashrita Furman ဆိုသူက ဖယောင်းတိုင် ၇ တိုင်မီးညှိပြီး တင်ထားတဲ့ စံချိန်ကို သူမက ချိုးပြသွားနိုင်တာဖြစ်ပါတယ်။
 


Follow us on