1. Home
  2. Special or Others

တစ်မိသားစုလုံးကို မီးလောင်မှုဘေးမှ ကယ်ခဲ့တဲ့ ကြောင်လေး

Special or Others ก.พ. 23, 2560 view 1,541
ကနေဒါနိုင်ငံက မိသားစုတစ်ခုဟာ ညအလယ် အိမ်မီးထလောင်ရာမှ မည်သည့် ဒဏ်ရာအနာတရမှ မရရှိပဲ လွတ်မြောက်လာခဲ့တာဟာ သူတို့အိမ်မှာ မွေးထားတဲ့ ကြောင်လေးက ကယ်တင်ခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
 
ညအလယ် သုံးနာရီခွဲဝန်းကျင်မှာ အိမ်မီးလောင်မှုဖြစ်ပွားချိန်မှာ အိမ်ထဲမှာ တစ်မိသားစုလုံး အိပ်မောကျနေချိန်ဖြစ်ပါတယ်။ မီးလောင်တာကို သိသွားတဲ့ ကြောင်လေးက သူ့ရဲ့ သခင်အိပ်ယာဆီကိုလာပြီး လက်မောင်းကို ကိုက်ပြီးနှိုးတဲ့အခါမှ မိသားစုတွေ နိုးခဲ့ပြီး မီးလွတ်ရာကို အချိန်မီ ရှောင်ပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကြောင်လေး နှင့်တစ်ကွ အဆိုပါ မိသားစုကို ကနေဒါနိုင်ငံ ကြက်ခြေနီအဖွဲ့က စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။
 


Follow us on